Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်ရှိ ဖရဲစိုက်တောင်သူများ ယခုနှစ်တွင် စျေးကောင်းရနေ

မြောက်ဦးမြို့နယ်ရှိ ဖရဲစိုက်တောင်သူများ ယခုနှစ်တွင် စျေးကောင်းရနေ

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့နယ်ရှိ ဖရဲသီးစိုက်ပျိုးသည့်တောင်သူများမှာ ယခုနှစ်တွင် ယခင်နှစ်များထက် ဖရဲသီးများ စျေးပိုရနေကြောင်း သိရသည်။

မြောက်ဦးမြို့နယ်ရှိ စေယဝတီ၊ လေးမြို့စား၊ သရက်ချို၊ ဘိုရွာဇီး၊ သဌေးကုန်းနှင့် မဟာထီး စသည့်ကျေးရွာများတွင် ဖရဲခင်းများကို နှစ်စဥ်စိုက်ပျိုးကြပြီး ယခုနှစ်တွင် ဖရဲသီးများမှာ ယခင်နှစ်ကလောက် အသီးမကောင်းသော်လည်း ဖရဲသီးများ စျေးပိုရနေကြောင်း ဖရဲစိုက်တောင်သူများ ပြောကြားချက်အရသိရှိရသည်။

ပုံမှန် ဖရဲတစ်ဧကစိုက်လျှင် ကုန်ကျငွေ ၁၀သိန်းဝန်းကျင်ခန့်ရှိသော်လည်း ယခုနှစ်တွင် မြေဆီမြေသြဇာစျေးနှုန်း မြင့်တက်မှုကြောင်း ဖရဲတစ်ဧကကို ၁၅သိန်းခန့် ကုန်ကျခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်နှစ်က ဖရဲသီး ၁လုံးကို အမြင့်ဆုံစျေးမှာ ၂၅၀၀ကျပ်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် ၃၅၀၀ကျပ်အထိစျေးပိုရနေသဖြင့် ယခုနှစ်တွင် အမြတ်ငွေ သိန်း ၅၀ ကျော်လောက် ခန့်မှန်ထားကြောင်း ဖရဲ ၁ဧကကျော်စိုက်ပျိုးထားသည့် မဟာထီးရွာမှ ဦးစောရွှေဝင်းက ပြောသည်။

“ဖရဲက နှစ်တိုင်း စိုက်ပါတယ် စျေးကွက်ကမရှိတော့ အများမစိုက်ရဲကြဘူး၊ ပုံမှန် ၁ဧကကို ၁၀သိန်းကုန်တယ် ဒီနှစ် မြေသြဇာ စျေးတက်တော့ ၁၅သိန်းကုန်တယ်၊ ဖရဲကမနှစ်ကလောက် အသီးမကျဘူး၊ စျေးကတော့မနှစ်ကထက် ပိုရနေတော့ သိန်း၅၀လောက် မြတ်မယ်ထင်တယ်” ဟု ပြောသည်။

ဖရဲခင်းစိုက်တောင်သူများမှာ အဝယ်ဒိုင်မရှိသဖြင့် လက်လီ လက်ကားသာရောင်းချနေရပြီး ဖရဲခင်းဧကအများအပြားစိုက်ရန် မဝံ့မရဲ ဖြစ်နေကြရကြောင်း နောက်ထပ်ဖရဲစိုက်သူ ဦးမောင်လှစိန်ကပြောသည်။

“ဖရဲက အလုံးလိုက်လာဝယ်တဲ့ သူတွေကိုသာ ရောင်းနေရတာပါ ၊ ဖရဲသီးအဝယ်ဒိုင်တွေကမရှိဘူး၊ တချို့နှစ်ဆို လာဝယ်တဲ့ သူတွေနည်းရင် စျေးကောင်းမရဘူး၊ ဒီနှစ်တော့ စျေးကောင်းရနေတယ် ပြည်မဖက်တွေလို ဖရဲသီးအဝယ်ဒိုင်တွေ ရှိစေချင်တယ်” ဟု ဦးလှမောင်စိန်က ABN ကို ပြောသည်။

ဖရဲစိုက်တောင်သူများမှာ ဖရဲစိုက်ပျိုး၍ဖြစ်ထွန်းသော်လည်း ပုံမှန်အဝယ်ဒိုင်များမရှိ၍ လာဝယ်မည်သူများအပေါ်တွင်သာ မှီခိုနေကြရသဖြင့် ဖရဲခင်းများကို ဧကအများအပြားမစိုက်ပျိုးရဲဘဲ ၁ဧကမျှလောက်သာ စိုက်ပျိုးကြရကြောင်း ဖရဲခင်းတောင်သူများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ