Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ချို့ နေရပ်ပြန်ရန် စာရင်းပေးထား

မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ချို့ နေရပ်ပြန်ရန် စာရင်းပေးထား

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့နယ်ရှ်ိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ရန် စာရင်းပေးထားလျက် ရှိနေကြောင်း သိရသည်။

တိန်ညို စစ်ဘေးရှောင်စခန်းနှင့် တင်းထိန်ကန်စစ်ဘေးရှောင်စခန်းတို့တွင် စစ်ဘေးရှောင်တစ်ချို့ နေရပ်ပြန်ရန်အတွက် စာရင်းပေးထားကြသဖြင့် လျှောက်ထားမှုများရှိကြောင်း သိရသည်။

ထို့အပြင် တိန်ညို စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၇၇၃ စုရှိသည်အထဲတွင် အိမ်ထောင်စု ၁၉၅စုမှာ နေရပ်ပြန်ရန်အတွက် စာရင်းပေးသွင်းလာသဖြင့် စခန်းတာဝန်ခံများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ စာရင်းများပေးပို့ လျှောက်ထားကြောင်း ​သိရသည်။

နေရပ်ပြန်ရန် စာရင်းပေးလျှောက်ထားသူများမှာ ပေါက်ပင်ကွင်း၊ ခူလှိုင်၊လက်ကာ ၊အောက်သကန်နှင့် ဘူးရွက်မညိုးကျေးရွာများမှ ဖြစ်ကြသည့်ဟု စခန်းတာဝန်ခံကပြောဆိုသည်။

“ကျနော်တို့စခန်းမှာ က စုစုပေါင်း ၇၇၃စုရှိတယ်၊ ခုက၁၉၅စုက ရွာပြန်ဖို့စာရင်းပေးလာတာ၊ ကျနော်တို့က အဲဒါကို မြို့နယ်ထွေအုပ်ကို တင်ပြထားပါတယ်။ ပေါက်ပင်ကွင်း၊ ခူလှိုင်၊လက်ကာ၊အောက်သကန်နှင့် ဘူးရွက်မညိုး စတဲ့ကျေးရွာတွေပါတယ်။ မသွားတဲ့သူတွေကလည်းမသွားပါဘူး”ဟု တိန်ညို စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးကျော်တင်က ပြောဆိုသည်။

တင်းထိန်ကန် စစ်ဘေးရှောင်စခန်းတွင်လည်း အိမ်ထောင်စု ၁၃၉ စု ရှိသည့်အနက် ဘူးရွက်မညိုး၊အောက်သကန်နှင့် ပေါက်တောပြင်ကျးရွာတို့မှ စုစုပေါင်း အိမ်ထောင်စု ၉၃ စု နေရပ်ပြန်ရန် စာရင်းများပေးသွင်းထားကြောင်း စခန်းတာဝန်ခံ က ပြောသည်။

“ကျနော်တို့စခန်းက နေရပ်ပြန်ဖို့ ၉၃စုဘဲ စာရင်းပေးထားတယ်၊ ပေါက်တောပြင်၊ ဘူးရွက်မညိုးနှင့် အောက်သကန်းကျေးရွာက လူတွေပါ” ဟု စခန်းတာဝန်ခံ ဦးမောင်ဝင်းတင်က ABN က်ို ပြောသည်။

စစ်ဘေးရှောင်များမှာ စစ်ဘေးရှောင်စခန်းတွင် နေထိုင်ရသည်မှာ အဆင်မပြေမှု များလာသဖြင့် ပးအရဲစွန့်ကာ အိမ်ပြန်ရခြင်းဖြစ်ကြောင်းနှင့် မြောက်ဦးမြို့နယ် ပေါက်တောပြင်အနီး တောင်ထိပ်တွင် စစ်ကောင်းစီတက်က တပ်စွဲထားသည့်အတွက် စစ်ဘေးရှောင်အချို့မှာ ရွာမပြန်ရဲ ဖြစ်နေကြရကြောင်း စခန်းတာဝန်ခံဦး​ကျော်တင်က ဆက်ပြောသည်။

မြောက်ဦးမြို့ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် ပေါက်တောပြင်၊ ရွာဟောင်းတော၊ အုတ်ဖ်ိုကန်၊တောင်ဘွေ၊ ဝေသာလီ စသော ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၁၉၁စု လာရောက်ကာ နေထိုင်နေကြသော်လည်း နေရပ်ပြန်ရန် စာရင်းပေးသွင်းထားသည့် အိမ်ထောင်စု ၁စုမျှပင် မရှိကြောင်း စခန်းတာဝန်ခံက ပြောသည်။

“ဒီစခန်းမှာ နေရပ်ပြန်လိုတဲ့သူ အိမ်ထောင်စု ၁စုမှမရှိဘူး၊ စုစုပေါင် ၁၉၁စုရှိတယ်၊ ဝေသာလီ ၊ ပေါက်တောပြင်၊ ရွာဟောင်းတော၊ အုတ်ဖိုကန်၊တောင်ဘွေ၊ ဝေသာလီ စတဲ့ရွာတွေက စစ်ဘေးရှောင်တွေ နေထိုင်နေကြတာ”ဟု စခန်းတာဝန်ခံ ဒေါ်မအောင်ညွန့်က ABNကိုပြောဆိုသည်။

နေရပ်ပြန်ရန် စစ်ကောင်စီက စစ်ဘေးရှောင် အိမ်ထောင်စု ၁ ခုလျှင် ငွေကျပ် ၅သိန်းနှင့် လမ်းစရိတ် ၁ သိန်းပေးကာ နေရပ်ပြန်ခိုင်းလျက်ရှိနေသည်။

ကျောက်တော်မြို့နယ်ရှိ မဟာမုနိစစ်ဘေးရှောင်စခန်းအပါအဝင် စစ်ဘေးရှောင်များ ယခုလကုန်တွင် နေရပ်ပြန်ကြမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နေရပ်ပြန်နိုင်ကြောင်း စကစက ပြောကြားခဲ့သော်လည်း ကျောက်တော်မြို့နယ်ရှ်ိ တင်းမရွာသားများကိုမူ နေရန်ပြန်နိုင်သည့် စာရင်းတွင် မပါဝင်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ