
ABN-ထက်မြတ်ခင်
ဩဂုတ် ၂၅ရက်
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ပုရိန်(မူဆလင်)ကျေးရွာမှာ ရေနစ်ပျောက်ဆုံးနေသည့် ဦးပွီးလှ၏ရုပ်အလောင်းကို ၃ရက်ကြာပြီးနောက် ပြန်တွေ့ရှိခဲ့သည်ဟုသိရသည်။
ဦးပွီးလှ၏ ရုပ်အလောင်ကို ယနေ့နံနက် ၈နာရီ ၃၀အချိန်ခန့်က မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာအနီး လောင်းကြက်ကျေးရွာအဝင်ဝတွင်တွေ့ရှိခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်နေ့ နံနက် ၁၀ နာရီအချိန့်က ဦးပွီးလှမှာ လေးမြို့မြစ်ကမ်းပါးပြိုကျ၍ ၎င်း၏အိမ်အနီးရှိ သစ်ပင် မြစ်ကမ်းပါးပြိုကျရာတွင်ပါသွားမည်ကို စိုးရိမ်၍ ကြိုတင်ခုတ်ရာ၌ သစ်ပင်နှင့်အတူချောင်းထဲသို့မျောပါခြင်းဖြစ်သည်။
ရခိုင်တွင် ယခုနှစ်မိုးရာသီအတွင်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃၀နီးပါးရှိပြီဖြစ်ကြောင်း ABNမှ စုံစမ်းသိရှိရသည်။