Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်မှ မုန်တိုင်းရှောင်များ သက်ကြီးရွယ်အိုနှင့် က​လေးငယ်များအား ULA/AAက ပုဏ္ဏားကျွန်းမြို့နယ်သို့ ပို့ဆောင်ပေးခဲ့

ABN-ရှိုင်းမိုး

မြောက်ဦးမြို့နယ်မှ မုန်တိုင်းရှောင်များ သက်ကြီးရွယ်အိုနှင့် က​လေးငယ်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များနှင့် ULA အဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့နယ်သို့ ပိုဆောင်ပေးခဲ့ကြောင်းသိရသည်။

ယနေ့ မေလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် မြောက်ဦးမြို့နယ် ကုလားပုန်းကျွန်းမှ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသို့ မုန်တိုင်းရှောင်ရန် ULA/AAမှ ကူညီဆောင်ရွက်ပို့ပေးခဲ့သည်ကိုတွေ့ရသည်။

ယမန်နေ့ မေလ ၁၂ ရက်နေ့ ညနေပိုင်းကလည်း ပုဏ္ဏားကျွန်း၊ လက်မဆိပ်ကျေးရွာမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကလေးမိခင်များကို ပုဏ္ဏားကျွန်းမြို့နဘ် ယိုးတရုတ်၊ ပင်မကျောင်းဘုန်းကြီးကျောင်းသို့ ULA/AAက ပို့ဆောင်ပေးခဲ့သည်။

လက်ရှိရခိုင်မှ မုန်တိုင်းရှောင် ဒေသခံများကို ဘေးလွတ်ရာနေရာ ကုန်းမြင့် ဒေသများသို့ ULA/AAက ကူညီဆောင်ရွက်ပေးနေပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများကိုလည်း ထောက်ပံ့ကူညီထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ