Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်ဖက်တွင် ဒီရေ ပိုမြင့်တတ်လာနေ

ABN-ရှိုင်းမိုး

သြဂုတ် ၈ရက်

မြောက်ဦးမြို့နယ်တွင် ဒီရေပို၍ မြင့်တက်လာသောကြောင့် ဒေသခံများကုန်းမြင့်ဒေသဖက်သို့ ပြောင်းရွှေ့နေရကြောင်း သိရသည်။

မြောက်ဦးမြို့နယ် မြောင်းဘွေရွာတွင် ယနေ့ နံနက် ၅နာရီကျော်အချိန်က ဒီရေ ပိုမြင့်တက်လာသောကြောင့် ရပ်ကွက်များ၊ စျေးပိုင်းများတွင် ရေနစ်မြုပ်နေပြီဖြစ်သည်။

မြောက်ဦးမြို့နယ် မြောင်းဘွေရွာရှိ ရွှေပြည်သာရပ်ကွက်၊ ပြည်တော်သာရပ်ကွက်နှင့် အနောက်ပိုင်းစျေးဖက်တို့တွင် ယနေ့ နံနက် ၅နာရီကျော်အချိန်က ရေစတက်ခဲ့သည်ကို တွေ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

မင်းပြား​မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ယနေ့မနက်ကစတင်ပြီး ရေထပ်တိုးလာသည်ဟုသိရသည်။

ဓာတ်ပုံ-မြောက်ဦးမြောင်းဘွေရာ ရေကြီးနေသည်ကိုတွေ့ရစဥ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ