Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်သို့ ရေထပ်တိုးလာ၊ မြို့ပေါ်ရပ်ကွက်များရေမြုပ်၊ ကျေးရွာပေါင်း ၅၀ ကျော်ရေမြုပ်နေ

ABN-ရှိုင်းမိုး

သြဂုတ် ၇ရက်

ရခိုင်တွင် ဇူလိုင်လ ၃၁ရက်နေ့ ညနေပိုင်း သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီအထိ မုန်တိုင်းငယ်တိုက်ခိုက်ပြီးနောက် မိုးအဆက်မပြတ်ရွာသွန်း၍ ဒီရေမြင့်တတ်လာသည်။

မြောက်ဦးမြို့နယ် လေးမြို့ချောင်းတွင် သြဂုတ်လ ၄ရက်နေ့မှစ၍ ရေစတတ်လာပြီး အညာရေးစီးဆင်းလာကာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ​ရေကြီးမှုဖြစ်ပေါ်လာသည်။

သြဂုတ်လ ၅ရက်နေ့မှစ၍ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် မြေနိမ့်ပိုင်းမှကျေးရွာများ ရေစနစ်လာပြီး သြဂုတ်လ ၆ရက်နေ့တွင် ပို၍ရေကြီးလာသဖြင့် ကျေးရွာပေါင်း ၄၀နီးပါး ရေနစ်နေသည်ကိုတွေ့ရသည်။

ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ရေကြီးမှုမှာပို၍ မြင့်တတ်လာပြီး မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့တွင် ကျေးရွာပေါင်း ၅၀ ကျော်ရေနစ်နေသည်။

မြို့ပေါ်ရှိရပ်ကွက်များမှာလည်း ရေနစ်နေသောကြောင့် မြောက်ဦးမြို့ပေါ်မှ ဒေသခံ ၁ထောင်ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားရသည်။

မြစ်ရေတတ်လာမှုကြောင့် ကျောက်တော်မြို့နယ်နှင့် မြောက်ဦးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများ ရေနစ်မြုပ်သွား၍ စစ်ဘေးရှောင်များဘေးလွတ်ရာသို့ပြောင်းရွှေ့ထားရသည်။

ယနေ့ ဒီရေသည် ပို၍မြင့်တတ်လာနေသောကြောင့် ညည့်အခြေနေကို စိုးရိမ်ရသည်ဟု မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်အုပ်ချုပ်ရေးမှူးကပြောသည်။

“ရေက အကျမရှိဘူး၊ တနေ့ထက်တနေ့ ပိုတိုးလာတယ်၊ ကျွန်းလည်းမြုပ်ရွာလည်းမြုပ်၊ အကုန်လုံးနီးပါးမြုပ်နေကြတယ်၊ ဘာလုပ်ရမလဲမသိတော့ဘူး၊ ဒီနေ့ဆိုရင် ရွာတွေအများကြီး မြုပ်ကြတယ်၊ မနေ့ကဒီလောက်မတတ်ဘူး၊ မိုးကလည်း ညပိုင်းရွာနေတယ်၊ ညည့်အချိန်စိုးရိမ်နေရတယ်” ဟု၎င်းကပြောသည်။

သြဂုတ်လ ၅ရက်နေ့က လေးမြို့ချောင်းရှိ ဒီရေသည် ၁၀ပေခန့်တက်ခဲ့သည်ဟု ဆင်အိုးကြီးရွာမှအုပ်ချုပ်ရေးမှူးကပြောသည်။

ယနေ့ဒီရေသည် ၁၅ ပေနီးပါတတ်နေသည်ဟု သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းပါက ကျောက်တော် ကုလားတန်မြစ်နှင့် လေးမြို့ချောင်းဖက်သည် စိုးရိမ်ရသည့်အခြေနေတွင်ရောက်ရှိနေသည်။

မိုးဇလကလည်း ကျောက်တော်တွင် စိုးရိမ်ရသည့် ရေချိန်အမှတ်သို့ နောက် ၂ ရက်အတွင်း ရောက်ရှိလာနိုင်ကြောင်း ထုတ်ပြန် သတိပေးထားသည်။

ဓာတ်ပုံ- မင်းပြား ပန်းမြောင်းနှင့် မြောက်ဦးအထက်လေညှင်းတောင်ရွာတို့တွက် ရေကြီးနေသည့်ပုံ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ