Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် ၃ရက်ကြာပျောက်ဆုံးနေသည့် သားမိ ၂ဦးအား လက်နက်ကြီးကျည်ကျဒဏ်ရာဖြင့် သေဆုံးလျှက်တွေ့ရှိ

မြောက်ဦးမြို့နယ်တွင် ၃ရက်ကြာပျောက်ဆုံးနေသည့် သားမိ ၂ဦးအား လက်နက်ကြီးကျည်ကျဒဏ်ရာဖြင့် သေဆုံးလျှက်တွေ့ရှိ

AB News – ဒီဇင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် ၃ရက်ကြာပျောက်ဆုံးနေသည့် သားမိ ၂ဦးအား ယနေ့ ဒီဇင်ဘာလ ၂၇ရက် မွန်းလွဲအချိန်တွင်လက်နက်ကြီးကျည်ထိ ဒဏ်ရာဖြင့် သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးခဲ့သူမှာ ​မြောက်ဦးမြို့၊ ဆင်ချဆိပ် ရွာသစ်မှ ဒေါ်မအောင်စိန် အသက် ၅၆နှင့် ဒေါ်မအောင်စိန်၏ သားဖြစ်သူ ဦးသိန်းသိန်းလှိုင် အသက် ၃၀နှစ်တို့ဖြစ်သည်။

ဒီဇင်ဘာလ ၂၅ရက်နေ့ စ၍ ၃ရက်ကြာပျောက်ဆုံးနေသည့် သားမိ ၂ဦးအား ယနေ့ ဒီဇင်ဘာလ ၂၇ရက် မွန်းလွှဲအချိန်တွင်လက်နက်ကြီးကျည်ထိ ဒဏ်ရာဖြင့် သေဆုံးလျှက်တွေ့ရှိခဲ့ကြောင်း မြို့ခံ ၁ဦးက ပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၅ရက်နေ့ ညဥ်​့အချိန်မှာ စစ်ကောင်စီအဖွဲ့ လက်နက်ကြီးတွေ ပစ်ခတ်တဲ့အချိန်က စပြီး ဒေါ်မအောင်စိန်တို့ သားမိကို မတွေ့ရဘူး။ အိမ်အနီးအနားက လူတွေလိုက်ရှာကြည့်တော့ အိမ်ရဲ့ အနောက်ဘက် အဆောင်မှာ လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးနေတယ်” ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၅ရက်နေ့ ညဥ့်အချိန်တွင် ဒေါ်မအောင်စိန်တို့ သားမိတို့သည် အိမ်၏ အနောက်ဘက်အဆောင်တွင် ပုန်းအောင်းနေစဥ် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၄ရက်နေ့မှ စ၍မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့သည် အပြစ်မဲ့ပြည်သူများကို လက်နက်ကြီး၊ တိုက်လေယာဥ်နှင့် ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် သေဆုံးသူ အရပ်သား ၁၄ ဦးနှင့် ၁၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ