Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ABN-ထက်မြတ်ခင်

စက်တင်ဘာ ၁၇ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မြောင်းဘွေရွာမှ အသက် ၁၈နှစ်အရွယ်အမျိုးသားတစ်ဦး ယမန်နေ့ ညနေ ၈နာရီခွဲအချိန်ခန့်က ကြိုးဆွဲချသေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ် မြောင်းဘွေရွာမှ အဖဦးလှစံအောင်၏သား အသက် ၁၈နှစ်အရွယ် မောင်ပြည့်ဖြိုးဇံဖြစ်ကြောင်းသိရသည်။

မောင်ပြည့်ဖြိုးဇံ၏ ရုပ်အလောင်းကို ယမန်နေ့ည ၈နာရီခွဲအချိန်က သစ်ပင်ပေါ်၌တွေ့ရပြီး မည်သည့်အကြောင်းကြောင့် သေဆုံးသွားသည်ကို မသိရသေးဟု ရွာခံသားတစ်ဦးပြောကြားချက်အရသိရသည်။

“ကျနော်တို့ တွေ့တဲ့အချိန်က ၈နာရီခွဲအချိန်ကပါ၊ သူဘယ်ကြောင့် ခုလိုသေဆုံးသွားတယ်ဆိုတာကိုတော့ ကျနော်တို့လည်းမသိရသေးဘူး” ဟုပြောသည်။

မောင်ပြည့်ဖြိုးဇံမှာ မြောင်းဘွေရွာသစ်တွင်မိသားစုနှင့်အတူနေပြီး ရွာဟောင်းဘုန်းတော်ကြီးကျောင်းရှိကွမ်းသီးခင်း၌အလုပ်လုပ်နေသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၃နေ့ကလည်း စစ်တွေမြို့နယ် ပါဒလိတ်ကျေးရွာမှ ၁၂တန်းကျောင်းသူတစ်ဦးကြိုးဆွဲချသေဆုံးခဲ့သည်။

ရခိုင်ပြည်တွင် ယခုနှစ်မိုခါမုန်တိုင်းအပြီးတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သူများ သိသိသာသာ များပြားလာသည်ကိုတွေ့ရသည်။

မြောက်ဦးမြို့နယ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ