Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် ဖခင်က သားဖြစ်သူအား ဓာတ်ဖြင့်ခုတ်သတ်၍ သားဖြစ်သူသေဆုံး

မြောက်ဦးမြို့နယ်တွင် ဖခင်က သားဖြစ်သူအား ဓာတ်ဖြင့်ခုတ်သတ်၍ သားဖြစ်သူသေဆုံး

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၅ရက်

ယမန်နေ့ အောက်တိုဘာလ ၂၄ရက် ညနေ ၈နာရီအချိန်က ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာတွင် ဖခင်က သားဖြစ်သူအား ဓားဖြင့်ခုတ်သတ်ပြီး သားဖြစ်သူသေဆုံးသွားသည်ဟု သိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာမှ အဖဦးအောင်မင်းစိန်၏သား အသက် ၂၅နှစ်အရွယ် မောင်အောင်မင်းထွန်းဖြစ်ကြောင်းသိရသည်။

မောင်မင်းအောင်ထွန်းမှာ အရက်သေစာသောက်စားကာ နေအိမ်အတွင်း၌လည်း အမြဲပြဿနာရှာပြီး ယမန်နေ့ ညနေအချိန်က အစ်မဖြစ်သူနှင့် စကားများရန်ဖြစ်ရာမှ ဖခင်ဖြစ်သူက ဓားဖြင့် ခုတ်သတ်မှု ဖြစ်ခဲ့သည်ဟု ကျေးရွားသားတစ်ဦးက ABNသို့ပြောသည်။

“သူက တအားဆိုးတာ၊ မိဘတွေလည်း အေးအေးချမ်းမနေရပါဘူး၊ အရက်တွေလည်း တအားသောက်ပါတယ်၊ မူးလာရင်လည်း ပြဿနာတွေရှာတယ်၊ မနေ့ညကလည်း သူ့အဖေဒေါသနဲ့လက်လွတ်သွားတာထင်ပါတယ်” ဟုပြောသည်။

သေဆုံးသွားသူ မောင်အောင်မင်းထွန်းမှာ သောက်စားမူးရစ်သောကြောင့် ရက္ခိုင့်တပ်တော် ULA/AA၏ နယ်မြေရုံးတွင် ၂ကြိမ် ထိန်းသိမ်းခံခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။

မောင်အောင်မင်းထွန်း၏ ရုပ်အလောင်းကို မြောက်ဦးမြို့ မြောင်းဘွတ်ဆေးရုံး၌ ထားထားပြီး ယနေ့တွင် သင်္ဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ