Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ဦးအပါအဝင် ၅ဦး သေဆုံး၊ ကလေးငယ် ၂ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရ

မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄ဦးအပါအဝင် ၅ဦး သေဆုံး၊ ကလေးငယ် ၂ဦးအပါအဝင် ၉ ဦး ထိခိုက်ဒဏ်ရာရ

AB News – မတ်လ ၂၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယ​နေ့ မတ်လ ၂၁ရက်၊ ၈ နာရီခွဲအချိန်တွင်  ကလေးငယ် ၄ဦးအပါအဝင် ၅ဦး သေဆုံး၊ ဦး၉ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွာခံသားများက အတည်ပြုပြောဆိုသည်။

သေဆုံးသူများမှာ မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ကျေးရွာမှ ​ မခင်သန္တာ ၁၃ နှစ်၊မောင်သားထူး ၃နှစ်၊ မောင်လင်းမြတ်ကို ၅နှစ်၊ မအိခိုင်မွန်၉နှစ်၊  ဒေါ်မသိန်းယဉ် ၃၅နှစ် တို့ဖြစ်သည်။

ဒဏ်ရာရရှိသူများမှာ မဖူးပွင့်အိမ် ၄နှစ်၊ ဒေါ်သန်းအေးတင် ၄၇နှစ်၊ မဝေမာ ၃၆နှစ်၊ ဒေါ်မညွှန့်စိန် ၆၈နှစ်၊ ဒေါ်ခင်အေးမြင့် ၄၆ နှစ်နှင့် ဦးအောင်တင်မောင် ၅၇နှစ်၊ ဒေါ်ခင်အေးလှိုင် ၃၅နှစ်၊ ဦးမောင်နိုင်စိုး ၃၃နှစ် အပြင် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ 

ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ရွာကို Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့်  အထက်လေညှင်းတောင်ကျေးရွာမှ ရွာသား ၅ဦးသေဆုံးခဲ့ပြီး ၉ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ မနက်ပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ပေါင် ၂၀၀ ဗုံး ၂လုံး ကြဲချခဲ့တယ်။ ရွာထဲမှာ ကျရောက်ပေါက်ကွဲပြီး ဆော့ကစားနေတဲ့ ကလေးငယ်တွေနဲ့ လူကြီးတွေလည်း သေဆုံးပြီး ဒဏ်ရာပြင်းပြင်ထန်ထန်ရရှိခဲ့တယ်” ဟု ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရရှိခဲ့သူများမှာ အရေးပေါ် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထက်လေညှင်းတောင်ကျေးရွာတွင် လူနေအိမ်များလည်း ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ရက်ရက်နေ့ နံနက် ၁ နာရီခန့်အချိန်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ် ၁၁ ဦးအပါအဝင် ၂၂ဦး သေဆုံးခဲ့ရပြီး အသက် ၁၈နှစ်အောက် ၁၀ဦးအပါအဝင် ၂၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က မတ်လ ၁၉ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ