Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံး၊ ၇ဦး ထိခိုက်ဒဏ်ရာရ

မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ဦး သေဆုံး၊ ၇ဦး ထိခိုက်ဒဏ်ရာရ

AB News – မတ်လ ၂၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယ​နေ့ မတ်လ ၂၁ရက်၊ ၈ နာရီခွဲအချိန်တွင်  ဒေသခံ အရပ်သား ၁ဦး သေဆုံးခဲ့ရပြီး ၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ကျေးရွာမှ ရွာသား ၁ဦးသေဆုံးခဲ့ပြီး ၇ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီခွဲအချိန်တွင် အကြမ်းဖက်စစ်ကောင်စီသည် မြောက်ဦးမြို့နယ်၊ အထက်လေညှင်းတောင်ရွာကို Jet Fighter ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံ ၁ဦးက AB News သို့ ပြောသည်။

“အဲ့ဒီရွာကို ဗုံး ၂လုံး ကြဲချပစ်ခတ်ခဲ့တယ်။ ပေါက်ကွဲသံတွေကို အဝေးကတောင် ကြားရတယ်။ ပေါက်ကွဲအား တအားပြင်းတယ်။ ရွာသား ၁ဦး သေဆုံးပြီး ၇ဦး ဒဏ်ရာရတယ်လို့ ကြားသိရတယ်” ဟု ဆိုသည်။

ဖျက်အားပြင်း ပေါင်၂၀၀ ဗုံးအသုံးပြုကာ ၂ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အဆိုပါကျေးရွာမှ လူနေအိမ်အချို့လည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၁၈ရက်ရက်နေ့ နံနက် ၁ နာရီခန့်အချိန်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်မှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ် ၁၁ ဦးအပါအဝင် ၂၂ဦး သေဆုံးခဲ့ရပြီး အသက် ၁၈နှစ်အောက် ၁၀ဦးအပါအဝင် ၂၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်က မတ်လ ၁၉ရက်နေ့က အတည်ပြုထုတ်ပြန်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ