Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မူဆလင် အမျိုးသား ၁ဦးသေဆုံး၊ မိန်းကလေးငယ် ၂ဦးအပါအဝင် ၅ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကိုင်းတောရွာတွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယနေ့ ဒီဇင်ဘာ ၂၈ရက်၊ နံနက် ၄နာရီ၊ ၂၀မိနစ်အချိန်တွင် မူဆလင်အမျိုးသား ၁ဦးသေဆုံးပြီး မိန်းကလေးငယ် ၂ဦးအပါအဝင် ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးသူမှာ အဖ ဦးဖေရာမ်း၏သား မောင်ဟာမိဒူရော်မာန်း ၁၈နှစ် ဖြစ်ပြီး ဒဏ်ရာရရှိသူမှာ ဦးဖေရာမ်း ၃၈နှစ်၊ မအာပူလရှာ ၂၂ နှစ် ၊ ဘေအာချခါဒူ ၂၂ နှစ် နှင့် အူဆော်ဂေါ်နီ ၄၀ နှစ် ဦးဆွေဒူဘော်ချို၏ သမီး မနော်ရာရှာ ၁၂ နှစ် တို့ဖြစ်သည်။

သေဆုံးသွားသည့် အသက် ၁၈နှစ်အရွယ် မောင်ဟာမိဒူရော်မာန်း ၁၈ နှစ်၏ ဘယ်ဖက်ဝမ်းဗိုက်တွင် ကျည်ထိ၍ ဝမ်းဗိုက်ပွင့်ထွက်ကာ သေဆုံးသွားခြင်းဖြစ်သည်။

ယနေ့ ဒီဇင်ဘာ ၂၈ရက်၊ နံနက် ၂နာရီကျော် အချိန်တွင် ရက္ခိုင့်တပ်တော်မှ မြောက်ဦးမြို့နယ်၊ မြောင်းဘွေရဲစခန်းကို စီးနင်းတိုက်ခိုက်ရာတွင် စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တော်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီအဖွဲ့ မြောက်ဦးမြို့ အခြေစိုက် ခမရ ၅၄၀၊ ၃၇၇ တပ်ရင်းနှင့် မင်းပြားမြို့ရှိ စစ်ကောင််စီတပ်စွဲထားသည့် ကျိန်းတောင်မှ မြောင်းဘွေရွာနှင့် ကိုင်းတောရွာတို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီအဖွဲ့ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ယနေ့ ဒီဇင်ဘာ ၂၈ရက်၊ နံနက် ၄၀နာရီ၊ ၂၀မိနစ်အချိန်တွင် အမျိုးသား ၁ဦးသေဆုံးပြီး မိန်းကလေးငယ် ၂ဦးအပါအဝင် ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦး ပြောသည်။

“ဒီနေ့ မနက် ၂နာရီကျော်အချိန်မှာ မြောင်းဘွေရဲစခန်းကို ရက္ခိုင့်တပ်တော်က စီးနင်းတိုက်ခိုက်ရာ

စစ်ကောင်စီအဖွဲ့နှင့် ရက္ခိုင့်တပ်တောတိုက်ပွဲဖြစ်ပွားခဲ့တယ်။ မနက် ၄နာရီကျော်မှာ မြောက်ဦးမြို့ရှိ ခမရ ၅၄၀၊ ၃၇၇ တပ်ရင်းနှင့် မင်းပြားမြို့ ကျိန်းတောင်မှ စစ်ကောင်စီအဖွဲ့သည် မြောင်းဘွေရွာနှင့် ကိုင်းတောရွာကို လက်နက်ကြီးတွေနဲ့ တရစပ် ပစ်ခတ်တယ်။ အဲ့ဒါကြောင့် အမျိုးသား ၁ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့တယ်” ဟုဆိုသည်။

ထို့အပြင် လက်နက်ကြီးကျည်ထိ၍ ထိုရွာမှ နွား ၆ကောင်လည်း သေဆုံးခဲ့ပြီး နေအိမ် ၁လုံးလည်းပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၄ရက်နေ့မှ စ၍မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့သည် အပြစ်မဲ့ပြည်သူများကို လက်နက်ကြီး၊ တိုက်လေယာဥ်နှင့် ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် သေဆုံးသူ အရပ်သား ၁၅ ဦးနှင့် ၂၃ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ