Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အပြစ်မဲ့ပြည်သူ ၅ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၄၊ ၂၀၂၃

ယနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ နံနက်အရုဏ် ၄နာရီ ၃၅မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး အပြစ်မဲ့ပြည်သူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိသူများမှာ မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောရွာက ဦးမောင်မောင်သိန်း(၄ဝ နှစ်)၊ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်က ဦးလင်းဇော်ထွန်း(၂၉ နှစ်)၊ ဦးပေါက်စချေ (၃၆ နှစ်) ၊ မောင်မျိုးထွန်းလင်း(၁၄ နှစ်) နန့် မဝတီလှိုင်(၁၉ နှစ်)တို့ဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ နံနက်အရုဏ် ၄နာရီ ၃၅မိနစ်အချိန်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံပြည်သူ ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာသား ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၄နာရီခွဲအချိန်မှာ မြောက်ဦးမြို့ အခြေစိုက် ခမရ ၅၄၀၊ ၃၇၇ တပ်ရင်းတို့က လက်နက်ကြီးတွေ တရစပ် ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီး ၁လုံးဟာ ဆင်ချဆိပ်ရပ်ကွက်က ဦးပေါက်စချေ၏ နေအိမ်ခြံဝင်းထဲမှာ ကျရောက်ပေါက်ကွဲပြီး ၄ဦး ဒဏ်ရာရရှိခဲ့တယ် ။ ရွာဟောင်းတောရွာမှာလည်း၂လုံး ကျရောက်ပေါက်ကွဲပြီး ဦးမောင်မောင်သိန်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” ဟုဆိုသည်။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဦးမောင်မောင်သိန်း၏ ဘယ်လက်နှင့် ရင်ဘတ်တို့တွင် ကျည်စထိမှန်ခဲ့သည်။

မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှ ဦးလင်းထွန်းဇော်၊ ဦးပေါက်စချေ၊ မောင်မျိုးထွန်းလင်းနှင့် မဝတီလှိုင်တို့၏ ဦးခေါင်းနှင့် ခြေတို့တွင် လက်နက်ကြီးကျည်စထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင်တိုက်ပွဲ စတင်သည့် နိုဝင်ဘာလ ၁၃ရက်မှ ဒီဇင်ဘာလ ၂၂ရက်အထိ ရက် ၄၀ အတွင်း စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ ၁၃၀ဦး အထိ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ က ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ