Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ နေဗီမှ ကုလားတန်မြစ်အနီး ရွာများအား ယနေ့မနက်ပိုင်းက အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်

မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီ နေဗီမှ ကုလားတန်မြစ်အနီး ရွာများအား ယနေ့မနက်ပိုင်းက အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်

AB News- နိုဝင်ဘာ ၂၂၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်း ကုလားတန်မြစ်အနီးရှိ ရွာများအား စစ်ကောင်စီ နေဗီမှ

အတွဲလိုက်ဒုံးများဖြင့် ယနေ့မနက်ပိုင်းက ပစ်ခတ်ခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

စစ်ကောင်စီ နေဗီမှ ကုလားတန်မြစ် အရှေ့ဘက် လေညှင်းသာရွာ၊ ချောင်းဖီလာရွာ၊ စက်သားရွာအနီးသို့ အတွဲလိုက်ဒုံးများဖြင့် ယနေ့ နံနက် ၉နာရီကျော်တွင်စပစ်ပြီး နေ့လည် ၁၂ နာရီခန့်ထိ ပစ်ခတ်ခဲ့ကြောင်း ကျေးရွာသားတစ်ဦး၏ သတင်းပေးပို့ချက်အရ သိရသည်။

“စစ်ကောင်စီ နေဗီ က ဒီနေ့ မနက် ၉နာရီကျော်မှာ ကုလားတန်မြစ်က နေပြီး ကျနော်တို့ လေညှင်းသာရွာ၊ ချောင်းဖီလာရွာ၊ စက်သားရွာ ဘက်ကို အတွဲလိုက်ဒုံးတွေနန့် ပစ်ခတ်ခဲ့တယ်။ ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းဇီချောင်းရွာဘက်သို့လည်း ပစ်ခတ်ခဲ့ပါတယ်” ဟု ဆိုသည်။

ယမန်နေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁၊ ညနေ ၆နာရီတွင်လည်း စစ်ကောင်စီ နေဗီမှ ကုလားတန်မြစ် အရှေ့ဘက်ခြမ်း မြောက်ဦးမြို့နယ်မှ ရွာများနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ရွာများအား လက်နက်ကြီးဖြင့် အကြိမ် ၆၀ကျော် ရမ်းသမ်း ပစ်ခတ်ခဲ့သည်ဟု ကျေးရွာသားတစ်ဦးက AB News သို့အတည်ပြုပြောသည်။

”မနေ့က ညနေ ၆နာရီမှာ စစ်ကောင်စီ နေဗီက လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရတယ်။ လက်နက်ကြီး အသံတွေ ကြားရင် ဗုံးခိုကျင်းတွေမှာ ဝင်နေရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ရွာသား ၁ ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်လာမည်ကို စိုးရိမ်၍ မြောက်ဦးမြို့နယ်၊ လေညှင်းသာရွာမှ လူဦးရေ ၄ဘပုံ ၃ ပုံခန့်နှင့် အခြားကျေးရွာများမှ ရွာသားများမှာ ကုလားတန်မြစ်နှင့် ဝေးရာတွင် ပြောင်းရွေ့ခိုလှုံနေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ