Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သောလက်နက်ကြီးကြောင့် အသက် ၁၂ ကလေးတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရ

ရခိုင်ပြည် မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာတွင် စစ်ကောင်စီမှပစ်ခတ်လိုက်သောလက်နက်ကြီးထိမှန်သောကြောင့် ၁၂ အရွယ်ကလေးငယ်တဦးနှင့် အမျိုးသမီးတဦး ပြင်းထန်ဒဏ်ရာ ရသွားကြောင်းသိရသည်။

အဆိုပါ ဒဏ်ရာရသူများမှာ ဦးလှထွန်းခိုင် နှင့် မဦးဝင်းဌေး၏ သား အသက် ၁၁ နှစ် မောင်ကိုခိုင်ဝင်းသည် ခါးဘေးခေါက်တွင် ဒဏ်ရာရရှိပြီး၊ အသက်အန္တရာယ်စိုးရိမ်ရ၊ အသက် ၅၅ နှစ် ဒေါ်မတင်သိန်းတွင် ဒူးဆစ်မှာ ဒဏ်ရာရရှိသွားပြီး သူတို့နှစ်ယောက်ကို မင်းပြားမြို့ ပန်းမြောင်းဆေးရုံကို ပို့ဆောင်ထားရကြောင်းသိရသည်။

နိုဝင်ဘာလ ၁၂ ရက် မနက် ၉ နာရီခွဲလောက်ချိန်တွင် စစ်တပ်ကလက်နက်ကြီး ပစ်ခတ်လိုက်သောကြောင့် မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာကို ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

” ယနေ့ မနက် ၉ နာရီခွဲလောက်ချိန်က ကျတာပါ၊ မြောက်ဦးမြို့ထဲကပစ်တာလဲမဟုတ်ပါဘူး၊ ကျွန်မတို့ရွာနားမာ တောင်ဖြူတောင်လို့ရှိပါတယ်၊ အဲဒီက ပစ်တာထင်ပါတယ် ၃ လုံးပစ်တာပါ ရွာပြင်ကို ၂ လုံးကျပါတယ်၊ ရွာထဲကို ၁ လုံးကျပါတယ်၊ ကျွန်မတို့လည်းကြောက်ပြီး ဗုန်းတွင်းထဲကိုဝင်ပြီးပြေးကြပါတယ်” ဟု ရွာသားတစ်ဦးမှပြောသည်။

မြောက်ဦးမြို့နယ်တွင် ယနေ့ မနက် ၉ နာရီ ခွဲလောက်ချိန်မှ တိုက်ပွဲဖြစ်ပွားခြင်းတစုံတရာမရှိဘဲ မြောက်ဦးမြို့နယ် ကျောင်းတောင်ရွာအနီး တောင်ဖြူတောင်မှ တပ်စွဲထားသော စစ်ကောင်စီတပ်မှလက်နက်ကြီးပစ်ခတ်မှုများဆက်လက်ပြုလုပ်နေကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ