Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့ထဲရှိ ရွှေဆိုင် ၁ ဆိုင်မှ ရွှေကျပ်ချိန် ၂၀ ခန့် လုယူခံရ (သတင်းအပြည့်အစုံ)

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့ထဲရှိ ရွှေဆိုင်တစ်ခုတွင် ယနေ့နံနက် ၉နာရီခန့်က အမည်မသိ လူတစ်ဦးက ရွှေလာရောက်ဝယ်ယူဟန်ဆောင်ကာ ရွှေများကိုလုယူထွက်ပြေးမှု ဖြစ်ပွားခဲ့သည်။

ထိုသို့လုယက်မှုကြောင့် ရွှေကျပ်ချိန် ၂၀ ခန့် လုယက်ခံလိုက်ရကြောင်း သိရသည်။

မြောက်ဦးမြို့ တောင်ရပ် ၅ရပ်ကွက်ရှိ ဦးရွှေဌေး+မသိန်းတင်ပိုင်ဆိုင်သည့် မြသင်္ဂီရွှေဆိုင်တွင် ရွှေဝယ်ယူရန်ပုံစံမျိုးဖြင့် လူနှစ်ဦးဆိုင်ကယ်ဖြင့်ရောက်လာကြပြီး တစ်ဦးကဆိုင်ကယ်ပေါ်တွင်ကျန်နေခဲ့သည်ဟုသိရသည်။

ရွှေလာဝယ်သူက ရွှေထည်ပစ္စည်များကို အမျိုးအစားပြခိုင်ပြီး ရွှေဆွဲကြိုးနှစ်ပင်နှင့် ခြေချင်း၂စုံကိုလုယူကား အသင့်စောင်နေသည့်ဆိုင်ကယ်ဖြင့် မောင်ထွက်ပြေးသွားသည်ဟု ဆိုင်ပိုင်ရှင်ကပြောသည်။

“သူတို့က နှစ်ယောက်လာတာ ၊တစ်ယောက်ကဆိုင်ကယ်ပေါ်မှာနေတယ်၊ တစ်ယောက်ကလာဝယ်တာ၊ရွှေတွေကိုဟိုဟာမေး ဒီဟာမေးနဲ့၊ ရွှေလာဝယ်တာဆိုပြီး ပြပေးတာ အကုန်လုယူပြီးပြေးထွက်သွားတာ” ဟု ရွှေဆိုင်ပိုင်ရှင် ဦးစိန်ရွှေဌေးက ABNကို ပြောသည်။

လုယူသွားသည့် လူမှာ အသက်၃၀ခန့်ရှိ လူလတ်ပိုင်းတစ်ဦးဖြစ်သည်ဟု ဆိုင် CCTV မှတ်တမ်းဓာတ်ပုံများအရသိရှိရသည်။

လက်ရှိတွင် မြောက်ဦးမြို့နယ်ရဲစခန်းကို တိုင်ချက်ဖွင့်ထားပြီး ယခုအချိန်အထိ တရားခံကိုဖမ်းဆီးရမိခြင်မရှိသေးကြောင်းသိရသည်။

မြောက်ဦးမြို့ပေါ်ရပ်ကွက်ဖြစ်သည့် တောင်ရပ်တွင် ယခုလို့ ဟု မြောက်ဦးမြို့ခံ ဦးထွန်းမောင်က ပြောဆိုသည်။

“နေ့ခင်းဖက် လုယက်မှုတွေတောင်လုပ်လာတယ်ဆိုတော့ သတိထားကြရတော့မယ် ၊အရင်က ညဖက်တွေမှာဘဲခိုးတာကြားမိတယ်၊ ခုဟာက တအားအတင်းရဲလာတော့ ပြည်သူတွေသတိထားစောင့်ကြည့်ရတော့မယ်” ဟုဆိုသည်။

ရခိုင်ပြည် စစ်တွေမြို့တွင် မော်တော်ဆိုင်ကယ်နှင့် ဖုန်းများကို ညဖက်တွင်သာမက နေ့ခင်းဖက်တွင်လည်း လုယက်မှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ