Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့တွင် အိန္ဒိယဘီး ၃ စီးနှင့် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီရဲများ ဖမ်းဆီး

ABN -သူရမောင်

မြောက်ဦးမြို့ ကုန်သည်လမ်းခွဆုံတွင် အိန္ဒီယဘီး ၃ စီးနှင့် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီရဲများက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆ နာရီကျော်အချိန် စစ်ဆေးမှုများကို လုပ်ဆောင်နေသည့် မြောက်ဦးမြို့မရဲစခန်းမှ ရဲများမှ ဆိုင်ကယ် ၃ စီးနှင့် အိန္ဒိယဘီး ၃ စီးတို့ကို ရဲစခန်းသို့ ဖမ်းဆီးယူသွားခဲ့ကြောင်းသိရသည်။

ထိုဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဆိုင်ကယ်နှင့် သုံးဘီးများမှာ လိုင်စင်မပါရှိသဖြင့် ဖမ်းသွားခြင်းဖြစ်နိုင်ကြောင်း မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

“သူတို့က(ရဲ)က စစ်ဆေးတော့ လိုင်စင်တွေမေးတယ်၊ လိုင်စင်မရှိပါဘူးဆိုတော့ အားလုံးကို ရဲစခန်းသို့ ယူသွားတာပါ၊ လူတွေကိုတော့ မဖမ်းသွားပါဘူး၊ ဆိုင်ကယ်နဲ့ သုံးဘီးတွေကိုပဲ သိမ်းသွားတာပါ” ဟု ဆိုသည်။

မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၆ ရက်နေ့မှ ဇန်နဝါရီလ ၁၂ ရက်နေ့အထိ ယာဉ်မောင်းလိုင်စင်များကို ထုတ်ပေးခဲ့သည့်အပြင် မြောက်ဦးမြို့ရှိ လမ်းခွဆုံအချို့တွင်လည်း မီးပွိုင့်များတပ်ဆင်ထားပြီးဖြစ်သည်။ သို့သော် လမ်းမီးပွိုင့်များမှာ တစ်လနီးပါကြာသည်အထိ အလုပ်လုပ်ခြင်း မရှိသေးပေ။

မြောက်ဦးမြို့တွင် အိန္ဒိယဘီး ၃ စီးနှင့် ဆိုင်ကယ် ၃ စီးကို စစ်ကောင်စီရဲများ ဖမ်းဆီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ