Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မြို့ခံ ၂ဦး ထပ်မံသေဆုံး၊ ၂ဦး ဒဏ်ရာရ

မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မြို့ခံ ၂ဦး ထပ်မံသေဆုံး၊ ၂ဦး ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး မြို့ခံ ၂ဦး ထပ်မံသေဆုံး၊ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးခဲ့သူများမှာ မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက်၊ သူတော်ဆိပ်မှ ကိုစိုးလင်း အသက် ၁၇နှစ်နှင့် ကျောက်ရာဇ်ကေရပ်ကွက်တွင် အလုပ်လုပ်ကိုင်နေသည့် ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ရွာမှ ဦးညွှန့်မောင်တို့ဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူများမှာ ကျောက်ရာဇ်ကေရပ်ကွက်မှ ဦး​ကျော်ဇံ အသက် ၆၆နှစ်၊ ကိုဇော်မျိုးဝင်း အသက် ၂၈နှစ်ဖြစ်သည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ ညဥ့် ၁၁နာရီ ၃၀မိနစ်အချိန်တွင် မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်သောကြောင့် ၂ဦး သေဆုံးပြီး ၂ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံ ၁ဦးက AB News သို့ ပြောသည်။

“မနေ့က ညဥ့် ၁၁နာရီခွဲ အချိန်မှာ ခမရ ၃၇၇ တပ်ရင်းက မြောက်​ဦးမြို့ထဲကို လက်နက်ကြီး ၅ကြိမ် ပစ်ခတ်ခဲ့တယ်။ လက်နက်ကြီး ၂လုံးဟာ သူတော်ဆိပ်မှာ ကျရောက်ပေါက်ကွဲပြီး အဲ့ဒီနေရာမှာ ပုန်းနေတဲ့ ကိုစိုးဝင်းနှင့် ဦးမောင်ညွှန့်တို့ ဦးခေါင်းမှာ လက်နက်ကြီးကျည် ထိမှန်ပြီး သေဆုံးခဲ့တယ်။ ကိုဇော်မျိုးဝင်းရဲ့ ဘယ်ဘက်ပေါင်နဲ့ ဦးကျော်ဇံရဲ့ ညှပ်ရိုးမှာ ကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၄ရက်နေ့မှ စ၍မြောက်ဦးမြို့တွင် စစ်ကောင်စီအဖွဲ့သည် အပြစ်မဲ့ပြည်သူများကို လက်နက်ကြီး၊ တိုက်လေယာဥ်နှင့် ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်သတ်ဖြတ်ခဲ့သောကြောင့် သေဆုံးသူ အရပ်သား ၁၂ ဦးနှင့် ၁၈ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ