Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြို့တွင်း နေရာ ၃ခုကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်

မြောက်ဦးမြို့တွင်း နေရာ ၃ခုကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က လေကြောင်းတိုက်ခိုက်မှုပြုလုပ်

AB News – မတ်လ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင်းရှိ နေရာ ၃ခုကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့က ယနေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် Y12 စစ်ထောက်ပို့ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် မြောက်ဦးမြို့မှ သင်္ကျိတ်တောင်၊ ငရုတ်ကောင်းစေ့တောင်နှင့် ဗန္ဓုလကျောင်းအနီးရှိ စံကားတောင်အနီးပတ်ဝန်းကျင်တို့အား ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက AB News သို့ပြောသည်။

လက်ရှိတွင် လူထိခိုက်သေဆုံးမှု ရှိ/မရှိကို AB News က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်တော်က အပြီးပိုင် သိမ်းပိုက်ထားပြီးသည့် မြို့ တစ်မြို့ဖြစ်သည်။

မြောက်ဦးမြို့ရှိ သမိုင်းဝင် အမွေအနှစ်များကိုလည်း စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ် ဖျက်ဆီးပြီးဖြစ်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ဆက်ရှိနေ၍ စစ်ဘေးရှောင်နေကြရသည့် ပြည်သူများအား ပြန်လည်နေရာချထားရေးကိုလည်း မလုပ်နိုင်သေးပေ။

Website
www.arakanbaynews.com  

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ