Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြိုနယ်မှ ရွာသား ၁ ဦး စစ်ကောင်စီတပ် နေဗီမှ ပစ်ခတ်သည့် ကျည်ထိ သေဆုံး

မြောက်ဦးမြိုနယ်မှ ရွာသား ၁ ဦး စစ်ကောင်စီတပ် နေဗီမှ ပစ်ခတ်သည့် ကျည်ထိ သေဆုံး

AB News- နိုဝင်ဘာ ၂၃၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီတပ် နေဗီမှ ပစ်ခတ်သော လက်နက်ကြီးထိမှန်၍ ဒေသခံရွာသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ လေညှင်းသာရွာမှ အဖဦးနီလှ၏သား ဦးဦးကျော် ၅၇ နှစ် ဖြစ်ပြီး ဦးခေါင်းတွင် ကျည်ထိမှန်သေဆုံးခဲ့သည်ဟု

ကျေးရွာသားတစ်ဦးက ပြောသည်။

“မနေ့က ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်မှာ တီဗွီကြည့်နေကြတယ်။ ၈နာရီ ၂၀မိနစ်မှာ ကုလားတန်မြစ်မှာ ကမ်းထိုးထားတဲ့ စစ်ကောင်စီနေဗီက လက်နက်ငယ်တွေ တရစပ် ရမ်းသမ်းပစ်ခတ်တယ်။ လက်နက်ကြီး ပစ်တဲ့အချိန် သူ့အိမ်ကိုပြန်ရာမှာ လက်နက်ကျည် ထိမှန်ပြီး သေဆုံးခဲ့တာ” ဟု ဆိုသည်။

ယမန်နေ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂ရက် ည ၈ နာရီကျော်အချိန်တွင် ဦးဦးကျော်သည် ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် တီဗွီကြည့်နေစဥ် ကုလားတန်မြစ်တွင် ကမ်းထိုးထားတဲ့ နေဗီမှ ညနေ ၈နာရီ ၂၀မိနစ်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်သဖြင့် အိမ်ပြန်ရာ လမ်းတွင် လက်နက်ကြီးကျည်စများ ​ဦးခေါင်းတွင် ထိမှန်၍ ၈နာရီ ၄၀ မိနစ်တွင် သေဆုံးခဲ့သည်ဟု သိရသည်။

သေဆုံးသူ ဦးဦးကျော်အား ယနေ့ ၁၂နာရီ ၁၅မိနစ်တွင် လေညှင်းသာ သုဿန်တွင် သင်္ဂြိုလ်သွားမည်ဟု သိရှိရသည်။

လေညှင်းသာကျေးရွာတွင် အိမ်ခြေ ၂၆၅ဆောင်ရှိပြီး လူဦးရေ ၁၄၀၀ကျော်တွင် ၈၀၀ကျော်က ဘေးလွတ်ရာကျေးရွာများမှာ ပြောင်းရွေ့ခိုလှုံနေကြရသည်။

ကုလားတန်မြစ်အနီးတွင် ရှိသော ​မြောက်ဦးမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ် ကျေးရွာများမှ ရွာသားများမှာလည်း စစ်ကောင်စီတပ်ဘေးမှလွတ်မည့်နေရာများသို့ ​ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

ထိုလေညှင်းသာ ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများသို့ စစ်ကောင်စီတပ်က ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည်ပိုင်းကတည်းက နေဗီနှင့် ရဟတ်များဖြင့် ပစ်ခတ်နေခဲ့သည်ဟု သိရသည်။

သို့သော်လည်း ထိုအနီးတဝိုက်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ အပြန်အလှန် နှစ်ဖက် တိုက်ပွဲ ဖြစ်ခြင်းမရှိဟု ရွာသားများက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ