Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးမြိုနယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရ

မြောက်ဦးမြိုနယ်တွင် စစ်ကောင်စီပစ် လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၈၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြိုနယ်တွင် စစ်ကောင်စီအဖွဲ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိခဲ့သူများမှာ ပုရိမ်ရွာမှ မောင်ဘန်ဒအာလီ ၁၄နှစ်နှင့် ချောင်းသစ်ရွာမှ အိမ်ရှင်ဖြစ်သူ ဦးအောင်ကျော်စိန် အသက် ၅၆နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်မကျန်စိန် အသက် ၅၀နှစ်တို ဖြစ်သည်။

ယမန်နေ့  ဇန်နဝါရီလ ၇ ရက်နေ့ ည ၄နာရီအချိန်တွင် မြောက်ဦး အခြေစိုက် ခမရ ၃၇၇တပ်ရင်းက
ပစ်ခတ်သည့် လက်နက်ကြီး ၁လုံးသည် ပုရိမ်ရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၁၄နှစ်အရွယ် မူဆလင်ကလေးငယ် ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“မနေ့က ညနေ ၄နာရီအချိန်မှာ ခမရ ၃၇၇တပ်ရင်းက ပစ်တဲ့ လက်နက်ကြီး ၁လုံးဟာ ပုရိမ်ရွာအနီး ကျရောက်ပေါက်ကွဲတယ်။ ရွာပြင်မှာ နွားကျောင်းနေတဲ့ မောင်ဘန်ဒအာလီ လက်နက်ကြီးကျည် ထိမှန်ပြီး လည်ပင်းညာဘက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ဆိုသည်။

ထိုအပြင် ယမန်နေ့ ည ၈နာရီခွဲအချိန်တွင် မြောက်ဦးအခြေစိုက် ရဲတပ်ရင်း(၃၁)က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ချောင်းသစ်ရွာမှနေအိမ် ၁အိမ်တွင် ကျရောက်ပေါက်ကွဲကာ အိမ်ရှင်ဖြစ်သူ ဦးအောင်ကျော်စိန်နှင့် ဇနီးဖြစ်သူ ဒေါ်မကျန်စိန်တို ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ထိုအပြင် မြောက်ဦးမြိုနယ်မှ ကျေးရွာများကို စစ်ကောင်စီအဖွဲက ည ၁၂နာရီနဲ့ ၅မိနစ်အချိန်တွင် ဂျက်တိုက်လေယာဥ် ၁စင်း ဗုံး ၈လုံးထက်မနည်း ကြဲချပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ