Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနယ်ရှိ သင်းကျစ်တောင် စကစ စခန်းကုန်းကို ကျည်တစ်ချပ်မဖောက်ပဲ AA သိမ်းပိုက်

မြောက်ဦးနယ်ရှိ သင်းကျစ်တောင် စကစ စခန်းကုန်းကို ကျည်တစ်ချပ်မဖောက်ပဲ AA သိမ်းပိုက်

AB News – ဇန်နဝါရီ ၈၊ ၂၀၂၄

ရက္ခိုင်ပြည် မြောက်ဦးမြိုနယ် သင်းကျစ်တောင်အခြေစိုက် စကစ စခန်းကုန်းကို ရက္ခိုင့်တပ်တော်က ကျည်တစ်ချပ်မဖောက်ပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဟု AA ကထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ရက္ခိုင်ပြည်၊ မြောက်ဦး သင်းကျစ်တော်တောင် စခန်းကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်။ ရန်သူ့စစ်အသုံးအဆောင်ပစ္စည်းများနှင့် လက်နက်ခဲယမ်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်း” AA ကဆိုသည်။

ရက္ခိုင့်တပ်တော် AA က ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီကျော်တွင် ကျည်တစ်ချပ်မဖောက်ပဲ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရက္ခိုင့်တပ်တော်၏ အလံတော်ကိုပင် လွှင့်ထူထားခဲ့ကြောင်း ဒေသခံများပြောပြချက် အရ သိရသည်။

၎င်းစခန်းကုန်းကို ရက္ခိုင့်တပ်တော်က ဝင်ရောက် တိုက်ခိုက်စဥ်အတွင်း စကစ အဖွဲဝင်များသည် လက်နက်ချအလင်းဝင်သူ ၁၀၀ ကျော်ရှိခဲ့သလို တပ်တွင်းထွက်ပြေးထွက်ပြေးသူများ ၅၀ ထက်မနည်း ရှိကြောင်း AB News က စုံစမ်းသိရှိရသည်။

သင်းကျစ်တောင် စခန်းကုန်းရှိ စကစ တပ်ဖွဲဝင်များသည် အုတ်ဖိုကန်၊ သံချောင်းကျေးရွာများသို ဆင်းပြီး ရက္ခိုင့်တပ်တော်ထံအလင်းဝင်ချင်သည့်အပြင် မိသားစုများနှင့်လည်းပြန်ဆုံတွေ့လိုချင်ကြောင်း ပြောကြားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

လက်ရှိတွင် ရက္ခိုင့်တပ်က ရက္ခိုင်ဒေသအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ် ၁၇၀ ထက်မနည်း သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ရက္ခိုင့်တပ်တော်မှလည်း လက်နက်ချက်အညံ့မခံသော စကစတပ်ဖွဲဝင်များကို လိုက်ခံချေမှုန်းလျက်ရှိပြီး အလင်းဝင်ရောက်လာသူများကိုလည်း မိသားစုများနှင့်ပြန်လည်စုံတွေ့နိုင်ရန် လမ်းစရိတ်များထောက်ပံ့ကူညီလျှက်ရှိသည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ