Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနယ်မှ ဂုံးရောင်းရန်သွားသည့်အချိန်တွင် လှေမှောက်၍ ရေနစ်သေဆုံးသွားသည့် အမျိုးသားအလောင်းကို ရှာတွေ့

ABN-ရှိုင်းမိုး

ဇူလိုင် ၂၃ ရက်

မြောက်ဦးမြို့နယ် မျောက်ချောင်းရွာမှ ဇူလိုင်လ ၂၀ရက်နေ့ နေလည် ၁၂ နာရီအချိန်တွင် အမျိုးသား ၅ယောက်စီးလာသည့် လှေမှောက်၍ အသက် ၅၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ရေနစ် သေဆုံးခဲ့သည်ဟုသိရသည်။

ထိုအမျိုးသား ၅ယောက်သည် လှေဖြင့်ဂုံးရောင်းသွားသည့်အချိန်တွင် ပန်းမော်ရွာရှိ မြစ်ကိုကူးသည့်အချိန်တွင် လှေမှောက်သွားသည်ဟုသိရသည်။

သေဆုံးသွားသော အမျိုးသားသည် အသက် ၅၆နှစ်အရွယ် အပိန်ချေဖြစ်သည်ဟုသိရသည်။

လှေမှောက်သည့်အချိန်က ဥိးအပိန်ချကို လိုက်ရှာကြသော်လည်း ရှာမတွေ့ခဲ့ဟု လှေမှောက်ရာတွင်ပါဝင်သည့် အမျိုးသားတစ်ဦးကပြောသည်။

“ကျွန်နော်တို့ ပန်းမော်မြစ်ကိုကူးတဲ့ခါ မှောက်တာပါ၊ ၅ယောက်မှာ ၄ယောက်အသက်ရှင်ပါတယ်၊ မှောက်တဲ့နေကတည်းက သူ့ကိုလိုက် ရှာကြပါတယ်၊ မတွေ့ပါဘူး” ဟု၎င်းကပြောသည်။

ထိုရေနစ်ပါသွားသောသူကို ယနေ့နံနက်ပိုင်းက မင်းပြားမြို့နယ် ငပဂွရွာမြစ်စပ်တွင် ULA ရဲတပ်ဖွဲ့မှတွေ့ရှိသည်ဟုသိရသည်။

ဇူလိုင်လ ၂၀ရက်နေ့ကလည်း မင်းပြားမြို့နယ် သရဂူရွာဟောင်း( ချင်းရွာ) မှ အသက် ၈၀နှစ်အရွယ် အမျိုးသားတစ်ဦး ငါးရှာထွက်သည့်အချိန်တွင် ရေနစ်၍သေဆုံးခဲ့သည်။

ဇူလိုင်လ ၁၈ရက်နေ့ နံနက်ပိုင်းအချိန်ကလည်း မင်းပြားမြို့နယ်တွင် ၃ရက်ကြာပျောက်ဆုံးနေသူကို ရေထဲ၌သေလျက်ပြန်လည်တွေ့ရှိခဲ့သည်။

ဇူလိုင်လ ၁၇ရက်နေ့ နံနက် ၉နာရီကျော်အချိန်ကလည်း ကျောက်ဖြူမြို့ ကလဘာတောင်ရပ်ကွက် သီဟိုတော လမ်းဘေးရေမြောင်းတွင် ဒဏ်ရာများဖြင့် လူသေအလောင်းတစ်လောင်းတွေ့ရှိခဲ့သည်။

ဇူလိုင်လ ၁၁ရက်နေ့ကလည်း စစ်တွေမြို့ ဘောလုံးကွင်းရပ်ကွက်ရှိ ရေမြောင်းထဲတွင် အမည်မသိ လူတစ်ဦးသေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

မြောက်ဦးနယ်မှ ဂုံးရောင်းရန်သွားသည့်အချိန်တွင် လှေမှောက်၍ ရေနစ်သေဆုံးသွားသည့် အမျိုးသားအလောင်းကို ရှာတွေ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ