Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနယ်တွင် စစ်ကောင်စီအဖွဲက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲချမှုကြောင့် ဦးဥတ္တမရုပ်တု နှင့်နေအိမ်အချိုပျက်စီး၊ မပေါက်ကွဲသေးဘဲ ဗုံးကြီး ၁ လုံးကျန်ရှိနေ

AB News- ဇန်နဝါရီ ၈၊ ၂၀၂၄

အကြမ်းဖက်စစ်ကောင်စီအဖွဲက ဂျက်တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် မြောက်ဦးမြိုနယ် အိုးထိမ်း ကျေးရွာသို ကျရောက်ပေါက်ကွဲခဲ့ပြီး ဦးဥတ္တမရုပ်တု နှင့် နေအိမ်အချိုပျက်စီးသွားခဲ့ကာ မပေါက်ကွဲဘဲ ကျန်ရှိနေသေးသည့် ဗုံးကြီး ၁ လုံးလည်း ရှိနေကြောင်း သိရသည်။

စကစ အဖွဲက ယမန်နေ့ ဇန်နဝါရီလ ၇ ရက်နေ့ ညဥ့် ၁၂ နာရီကျော်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံး ၃ လုံးထက်မနည်း ကြဲချခဲ့ရာ အိုးထိမ်းရွာအနီးတွင် ကျရောက် ပေါက်ကွဲပြီး ဆရာတော်ဦးဥတ္တမ၏ ရုပ်တုအား ကျည်ထိမှန်ခဲ့က နေအိမ်အချိုပျက်စီးသွားခဲ့ကြောင်း ဒေသခံ ၁ ဦးက AB News သိုပြောသည်။

“ဂျက်ဖိုက်တာနဲ့လာပြီးဗုံးကြဲသွားတယ်၊ မနက်သွားကြည့်တော့ ဦးဥတ္တမရုပ်တုရယ်၊နေအိမ်တွေပျက်စီးတာတွေတွေ့ရတယ်၊ ကျမတိုလည်းကြောက်လန့်ပြီးပုန်းခိုနေကြတယ်” ဟု ဆိုသည်။

အိုးထိမ်းရွာသားများသည် ဂျက်တိုက်လေယာဥ်အသံကြားလျှင်ချက်ချင်း နီးစပ်ရာဗုံးခိုကျင်းအတွင်းသိုဝင်ပြေးသူများရှိသကဲ့သို အချိုမှာ နီးစပ်ရာရွာများသို အသက်လု ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ထိုအပြင်  အိုးထိမ်းရွာ၏ လမ်းအနီးအတွင် မပေါက်ကွဲသေးဘဲကျန်ရှိနေ ဗုံး ၁လုံး ရှိနေသည့်အတွက် ဒေသခံပြည်သူများစိုးရိမ်လျက်ရှိနေကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲသည် တိုက်ပွဲနှင့်မသက်ဆိုင်သော ပြည်သူများသို စက်သေနတ်များဖြင့်လှမ်းပစ်သည်သာမက ဗုံးကြဲတိုက်ခိုက်မှုကိုလည်း နေ့စဥ်ရက်ဆက်ပြုလုပ်လျက် ရှိကြောင်းတွေ့ရသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ၏ ကြည်း၊ရေ၊လေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်တွေ၊ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ပေါက်တော၊ မြောက်ဦးတိုတွင် သမိုင်းဝင်အမွေအနှစ်များစွာနှင့် အိမ်ခြေအများအပြား ပျက်စီးလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ