Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးနယ်တွင် စစ်ကောင်စီရိက္ခာပို့သည့် ကားဖြင့် မူဆလင်ကျေးရွာမှ နွားပေါက်စတစ်ကောင်းအားဝင်တိုက် သေဆုံး

ယနေ့နံနက်၆နာရီခန့်တွင် စစ်ကောင်စီတပ် ရိက္ခာတင်ပို့သည့်ကားဖြင့် မူဆလင်ကျေးရွာမှ နွားပေါက်စတစ်ကောင်အားဝင်တိုက်သွားသဖြင့် နေရာတွင်ပင် သေဆုံးသွားသည်ဟုသိရသည်။

သေဆုံးသွားသည့်နွားပိုင်ရှင်မှာ မြောက်ဦးမြို့နယ် ဘူးတစ်လုံး (မူဆလင်)ကျေးရွာမှ ဦးအဒူရဖီးဖြစ်ကြောင်းသိရသည်။

၎င်းကားသည် စစ်ကောင်စီတပ်အင်အား ၇၀ဖြင့်မြောက်ဦးတပ်ရင်းမှ မင်းပြားဖက်သို့ ရိက္ခာပို့ရန်သွားသည့်ကားဖြစ်သည်ဟု အနီအနားရှိမျက်မြင်သက်သေ တစ်ဦးပြောကြားချက်အရသိရသည်။

“အခင်းဖြစ်တဲ့ နေရာကတော့ မြောက်ဦးမြို့နယ် ဘူးတစ်လုံးရွာအနီးအနားမှာပါ သူတို့သွားတဲ့လမ်းမှာ နွားကဖြတ်သွားတော့တိုက်သွားပါဟု” ဟုပြောသည်။

တိုက်သွားသည့် စစ်ကောင်စီစစ်ကားမှာလည်း ရပ်တန့်ခဲ့ခြင်း လုံးဝမရှိခဲ့ဘဲ မောင်းထွက်သွားခဲ့ကြောင်း မျက်မြင်ရွာသားများက ပြောသည်။

ယနေ့နံနက် ၇နာရီအချိန်ခန့်ကလည်း မင်းပြားမြို့ ကြပ်စင်တံတား၌ စကစအင်အား ၈၀ခန့်လောက်နှင့် ဘားဘူတောင်တံတားတို့တွင် စကစအင်အား ၂၀ခန့်တို့သည်စစ်ကြောင်းလျှောက်နေကြသည်ဟု ABNမှစုံစမ်းသိရှိရသည်။

ထို့အပြင် မင်းပြားသို့ ယနေ့နံနက် ၆ နာရီကျော်ခန့်က စစ်တွေရွှေမင်းဂံရေတပ်မှ လက်နက်၊ရိက္ခာ၊စစ်သားအင်အားအပြည့်ဖြင့် နေဗီ ၂ စင်းတက်သွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ