Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် UNESCO အသိအမှတ်ပြုရန် ဆောင်ရွက်နေဆဲဖြစ်သော ရတနာ့မာန်အောင်စေတီကျည်ထိမှန် သွားခဲ့ခြင်းအပေါ် စစ်ကောင်စီနှုတ်ဆိတ်

AB News – ဒီဇင်ဘာ ၁၄၊ ၁၀၂၃

ရက္ခိုင်ပြည်၊ ရှေးဟောင်းသမိုင်းဝင်မြို့တော်ဖြစ်သော မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ကိုသာ စစ်ကောင်စီ ဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်း ပြောပြီး UNESCO ဝင်ရန်ဆောင်ရွက်နေဆဲဖြစ်သော ရတနာ့မာန်အောင်စေတီ စစ်ကောင်စီတပ် ရဟတ်ယာဥ်ဖြင့် ပစ်ခတ်၍ ကျည်ထိမှန်သွားခဲ့ခြင်းအပေါ် နှုတ်ဆိတ်နေသည်ကို ယနေ့ ၁၄ ရက်နေ့တွင် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် တွေ့ရသည်။

ရက္ခိုင့်တပ်တော်သည် ဘုရားစေတီပုထိုးအနီးတွင် ကတုတ်ကျင်းများတူးပြီး စစ်တပ်ကိုတိုက်ခိုက်ခဲ့ကြောင်း စကစ၏ ဝါဒဖြန့်ချီရေးခေါင်းဆောင် ဇော်မင်းထွန်းက ပြောသည်။

” ရခိုင်ပြည်နယ်ဘက်မှာတော့ မြောက်ဦးဘက်မှာတပ်ကို မြောက်ဦးမှာရှိတဲ့ယဥ်ကျေးမှုအမွေအနှစ် ဘုရားတွေကြားထဲမှာပဲ AA အနေနဲ့ ခံကတုတ်တွေ၊ ယာယီနေရာတွေပြုလုပ်ပြီးပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်” ဟု ဆိုသည်။

သို့သော်လည်း ရတနာ့မာန်အောင်စေတီအပါအဝင် တစ်ခြား ဘုရား၊သိမ်တော်များအား ကျည်ကျရောက်ခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့ဖက်မှပစ်ခတ်ခဲ့သည်ကိုကားတိတိကျကျပြော​ခြင်းမရှိဘဲ နှုတ်ဆိတ်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ ရက္ခိုင်ပြည်တွင်းရှိ အထင်ကရ ဘုရားစေတီများအား ပစ်မှတ်ထားတိုက်ခိုက်လာခြင်းသည် ယာဥ်ကျေးမှုအမွေအနှစ်များကို ပျောက်ကွယ်သွားအောင် ရည်ရွယ်၍ လုပ်ခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ခံတစ်ဦးက AB News သို့ပြောသည်။

“စစ်ကောင်စီက တိုက်ပွဲ တိုက်တယ်ဆိုတာထက် ရက္ခိုင်တွေရဲ့ ယာဥ်ကျေးမှု အမွေအနှစ်ကို ဖျက်ဆီးချင်တာဖြစ်တယ်လို့ မြင်ပါတယ်။ တိုက်ပဲဲဖြစ်တာက တနေရာ သူတို့လာပစ်တာက ဘုရားဖြစ်နေတယ်။ ပြီးရင် AA က ဘုရားပေါ်နေတယ်လို့ လုပ်ကြံပြောသေးတယ်” ဟု ဆိုသည်။

စစ်ကောင်စီအကြမ်းဖက်အဖွဲ့သည် ယမန်နေ့နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ၄ နာရီ ၂၀ ကျော် ချိန်ခန့်တွင် Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် မြောက်ဦးမြို့အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် မြောက်ဦးမြို့၊ ရှေးဟောင်းသမိုင်းဝင်နယ်‌မြေအတွင်းရှိ ရတနာ့မာန်အောင်စေတီ၊ ဘုရား သိမ်တော်ကြီးနှင့် ဘုန်းကြီးကျောင်းတို့အား ထိမှန်ခဲ့၍ ပျက်စီးမှုအချို့ရှိခဲ့ကြောင်း မြောက်ပိုင်း ၃ ဖွဲ့ကဆိုသည်။

စစ်ကောင်စီ၏ ရဟတ်ယာဥ် ၂ စီးဖြင့် စက်လက်နက်များလှမ်းပစ်ခဲ့သည့်အတွက်ကြောင့် မြောက်ဦးဒေသခံတစ်ချို့ အသက်လုထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်ထိ အိမ်ပြန်မရောက်ကြသေးကြောင်း သိရသည်။

ရက္ခိုင်ပြည်တွင် စစ်ကောင်စီက လက်နက်ကြီး ငယ်များဖြင့် ပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား ပစ်ခတ်လာမှုများကြောင့် မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်းမြို့များမှ ဒေသခံအများစုထွက်ပြေးတိမ်းရှောင်နေကြရသည်။

အခြားတစ်ဖက်တွင်လည်း စစ်ရေး၊ နိုင်ငံရေးအရ ရှူံးနိမ့်နေသော အကြမ်းဖက် စကစအဖွဲ့သည် စစ်ရာဇဝတ်ကျူးလွန်မှုများ ပေါ်ပေါ်ထင်ထင်တွေ့မြင်လာရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ