Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး မုဒိမ်းကျင့်ခံရ၊ တရားခံအား ဖမ်းဆီးထား

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂၉ ရက်

ရခိုင်ပြည် ၊ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ငွေ ၁၀၀ ကျပ် မုန့်ဖိုးပေးပြီး လူမရှိသည့် နေရာသို့ ခေါာယူကာ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သက်ငယ်မဒိန်းကျင့်ခံရသူမှာ မြောက်ဦးမြို့ ဆင်ချဆိပ် ရွာသစ်ရပ်မှ အသက် ၄ နှစ်အရွယ် မသဇင်ချေ (အမည်လွှဲ) ဖြစ်ပြီး ယနေ့ နေ့လည် ၂ နာရီခန့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။

တရားခံမှာ တစ်ရပ်ကွက်တည်းနေ အဖ ဦးအောင်စံလှ၏သား အသက် ၃၈ နှစ်အရွယ် ဦးဇော်ဝင်းမောင်ဖြစ်ပြီး ၎င်းသည် ကလေးငယ်ဆော့ကစားနေစဥ် ကလေးငယ်အား မုန့်ဖိုး ငွေ ၁၀၀ ကျပ်ပေးပြီး လူမရှိသည့်တစ်နေရာတွင် မုဒိမ်းကျင့်မှု ကျူးလွန်ခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်ပုက ABN သို့အတည်ပြုပြောသည်။

“ကလေးငယ်က လမ်းဘေး​နားမှာရှိနေတဲ့အခါ သူက လူမရှိတဲ့နေရာကို ခေါ်သွားပြီး မုဒိမ်းကျင့်လိုက်ပါတယ်” ဟု ဆိုသည်။

မုဒိမ်းမှုကျူးလွန်သူအား ရက္ခိုင့်တပ်တော်က ဖမ်းဆီးထားကြောင်း သိရသည်။

ကျူးလွန်ခံခဲ့ရသည့် ကလးငယ်မှာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

သတင်းအပြည့်အစုံကို ဆက်လက်တင်ပေးသွားမည်ဖြစ်သည်။

မြောက်ဦးတွင် ၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး မုဒိမ်းကျင့်ခံရ၊ တရားခံအား ဖမ်းဆီးထား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ