Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် အိမ်တစ်အိမ်မီးလောင်၍ ကလေးတစ်ဦး မီးလောင်ဒဏ်ရာရ

သူရမောင်၊ ရှိုင်းမိုး Bay News-ABN

မြောက်ဦးမြို့၊ ဆင်ချဆိပ် ရပ်ကွက်တွင် နေအိမ်တစ်အိမ် မီးလောင်ခဲ့သဖြင့် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဆင်ချဆိပ်ရပ်ကွက်မှ ဒေါ်ဦးမြသိန်း၏ နေအိမ်မှာ ယနေ့ည ၉ နာရီ ၃၀ တွင် မီးစလောင်ခဲ့ပြီး ဒေါ်ဦးမြသိန်း၏ သမီး အသက် ၆ နှစ်အရွယ် မယုယုမော်မှာ မီးလောင်သည့်အထဲပါသွားသည့်အတွက် လက်တစ်ဖက်နှင့် မျက်နှာတို့တွင် မီးလောင်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

သူတို့က အိမ်မှာ သားအမိနှစ်ယောက်တည်း နေတာပါ၊ သူ့အိမ်ရှင်ကလည်း မရှိပါဘူး၊ ပေါ့ဆမီးကြောင့် လောင်တာလို့ ကျွန်တော်တို့ ကြားပါတယ် ဟု မြောက်ဦးဒေသခံတစ်ဦးမှ ပြောသည်။

ဆင်ချဆိပ် ရပ်ကွက်ရှိ လမ်းများမှာ ကျဉ်းမြောင်းသည့်အတွက် မီးသတ်ကားဝင်ရောက်နိုင်ခြင်းမရှိသည့်အတွက်ကြောင့် အိမ်တစ်ဆောင်လုံး မီးလောင်ပြာကျသွားခဲ့ရခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းပေးပို့ချက်အရ သိရသည်။

လက်ရှိအချိန်တွင် မယုယုမော်မှာ မြောက်ဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ