Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ANP ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁ ဦး ဗုံးဆံစ ထိမှန်ဒဏ်ရာရ

AB News – မတ်လ ၁၇၊ ၂၀၂၄

ယနေ့မနက်ပိုင်းက မြောက်ဦးမြို့ကို အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်မှုကြောင့် ANP ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁ ဦး၏ ဦးခေါင်းတွင် ဗုံးဆံစထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

ဒဏ်ရာရရှိခဲ့သူမှာ ANP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကို နှင်းထွန်းတိုးဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ယနေ့ မတ်လ ၁၇ ရက် နံနက် ၅ နာရီ ၄၀ မိနစ်တွင် မြောက်ဦးမြို့သို့ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လမ်းဘေးနားတွင် ဆိုင်ကယ်ဖြင့်ရပ်နေသည့် ကိုနှင်းထွန်းတိုးအား ဗုံးဆံစထိမှန်သွားခဲ့ကြောင်း ၎င်း၏ Video ဖိုင် မှတ်တမ်းအရသိရသည်။

Video မှတ်တမ်း ဖိုင်တွင် “၅ နာရီ ၄၅ မိနစ်မှာပါ။ Favorite ဆိုင်ရှေ့နားမှာပါ။ကျွန်တော်က အဲ့အနားမှာဆိုင်ကယ်နဲ့ ရပ်နေတာ ပါ “ဟုဆိုသည်။

ဗုံးဆံစသည် ၎င်း၏ နဖူးအနီးတွင် အနည်းငယ်ထိမှန်သွားကြောင်း တွေ့ရသည်။

၎င်းမှာလက်ရှိတွင် ဆေးရုံတွင် ဆေးကုသမှု ခံယူရလျက်ရှိသည်။

ထို့အ​ပြင် စစ်ကောင်စီသည်  မြောက်ဦးမြို့ နန်းရာကုန်းအနီးတဝိုက်နှင့် တောင်ရပ်ခွဆုံအပါအဝင် ဘားဘူတောင်အနီးသို့ ဂျက်ဖိုက်တာဖြင့် လှည့်ပတ်ပစ်ခတ်ခဲ့သည်။

ထိုသို့ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၁ ဦးပွဲချင်းပြီး​ သေဆုံးကာ ၁၁ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အိမ် ၆ ဆောင်ပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ထို့အပြင် မြောက်ဦးမြို့ထဲရှိ စျေးဆိုင်ခန်း ၄ ခုထက်မနည်း ဗုံးထိမှန်ပြီး ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁၆ ရက် နံနက် ၇နာရီခန့်အချိန်တွင် စစ်ကောင်စီက မြောက်ဦးမြို့နယ် ပုရိန်‌ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၁၃နှစ်အရွယ် မူဆလင်အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် ထိန်းချုပ်ထားသည့် နယ်မြေများကို လေကြောင်းတိုက်ခိုက်မှု နေ့စဥ်ရက်ဆက်ပြုလုပ်လျက်ရှိသည်။

ANP ရက္ခိုင်အမျိုးသားပါတီသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ရက္ခိုင်တပြည်လုံးအတိုင်းအတာဖြင့် အနိုင်ရမှု အများဆုံးပါတီတစ်ခု ဖြစ်ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ