Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဇန်နဝါရီ ၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြိုတွင် အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးပစ်တ်မှုကြောင့် သက်ကြီးပိုင်း ၁ ဦး သေဆုံးသွားခဲ့ပြီး ၂ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း AB News က စုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၆၀ အရွယ် ဦးမဲနောင်ချေ ဖြစ်ပြီးဒဏ်ရာရရှိသူများမှာ အသက် ၇ နှစ်အရွယ် ကလေးငယ် မဘုမချေ နှင့် အသက် ၅၂ နှစ်အရွယ် ဦးမျိုးနိုင်တိုဖြစ်သည်။

အကြမ်းစကစအဖွဲသည် ယနေ့ဇန်နဝါရီလ ၉ ရက်နေ့ ညနေ ၅ နာရီကျော်တွင် လက်နက်ကြီး ၄ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ နေအိမ်အတွင်းရှိ အုန်းပင်သို ကျရောက်ပေါက်ကွဲပြီး  အသက် ၆၀အရွယ် ဦးမဲနောင်ချေ သေဆုံးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သိုပြောသည်။

” ၅၄၀ တပ်ရင်းကပစ်တာပါ၊ အဘိုးအိုရဲ့အိမ်အနီးမှာကျရောက်ပေါက်ကွဲ ပြီးတော့ သူက သေဆုံးသွားတယ်၊ ကလေးကတော့မျက်နှာမှာ ကျည်စထိမှန်သွားတယ်၊ နောက်တစ်ယောက် လက်မောင်းမှာရသွားတယ်၊ ရပ်ကွက်သားတွေလည်း ထွက်ပြေးကြတယ် ” ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲက လူနာတင်ယာဥ်ကိုလည်း လှမ်းပစ်နေသည့်အတွက် မြိုခံပြည်သူများလည်း အသက်လုထွက်ပြေးခဲ့ရကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည်ပိုင်းတွင်လည်း အကြမ်းဖက် စစ်ကောင်စီအဖွဲ က မြိုတွင်းသိုဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူ ၃ ဦးကို သေနတ်ဖြင့်ပစ်သတ်သွားခဲ့သည်။

လက်ရှိတွင် မြောက်ဦးမြိုတွင်း စကစ စခန်းအချိုကို ရက္ခိုင့်တပ်တော်က သိမ်းပိုက်ထားကာ ၎င်းစခန်းများတစ်ခုမကျန်အောင် အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၉ ရက်နေ့ ည ၈ နာရီတွင်လည်း ပုဏ္ဏားကျွန်းအခြေစိုက် ၅၅၀ တပ်ရင်းက လက်နက်ကြီး ၂၀ ကျော်ထက်မနည်းပစ်နေကြောင်း တွေ့ရသည်။

ယခုညဦးပိုင်းတွင် စစ်ကောင်စီက Y 12 ရဟတ်ယာဥ် ၃ ကြိမ်ထက်မနည်း စစ်တွေ လေဆိပ်မှ ထွက်ခွာပျံသန်းသွားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ