Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် အကြမ်းဖက်စစ်ကောင်စီ ခမရ ၅၄၀ တပ်ရင်းက မြိုခံပြည်သူ ၃ ဦးကို သေနတ်ဖြင့်ပစ်သတ်သွား၊ ထိခိုက်ဒဏ်ရာရသူများလည်းရှိ

AB News – ဇန်နဝါရီ ၉၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြိုတွင် အကြမ်းဖက်စစ်ကောင်စီ ခမရ ၅၄၀ တပ်ရင်းက မြိုခံပြည်သူ ၃ ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အပြင် နောက်ထပ်  ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

သေနတ်ပစ်သတ်ခံရသူများမှာ မြောက်ဦးမြို ရှောက်တောစုရပ်ကွက်မှ ညီအစ်ကိုနှစ်ယောက်ဖြစ်သော အသက် ၃၅ နှစ်အရွယ် ဦးထွန်းထွန်းဦး နှင့် အသက် ၂၈ နှစ်အရွယ် စောနိုင်ထွန်း၊ အလယ်စျေးရပ်ကွက်မှ အသက် ၅၂ နှစ်အရွယ် ဦးစံရွှေကျော်တိုဖြစ်သည်။

ယနေ့ဇန်နဝါရီလ ၉ ရက်နေ့ နေ့လည် ၁ နာရီမှ ၄နာရီအတွင်း အကြမ်းဖက်စစ်ကောင်စီအဖွဲက လမ်းသွားလမ်းလာသူများကို ဖမ်းဆီးပြီးပစ်သတ်ခဲ့သလို ညီအစ်ကို ၂ ယောက်ကိုလည်း သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း မြိုခံ ၁ ဦးက AB News သို ပြောသည်။

” စစ်ကောင်စီက သကျမာရ်အောင်အနီးမှာ သွားလာနေတဲ့ ဦးစံရွှ (ရွှေ)မောင် ကို ဖမ်းပြီး လမ်းခုလတ်မှာပစ်သတ်သွားပါတယ်၊၊ ပြီးတော့ လက်ကြားငယ်မှာထိုင်နေတဲ့ လူ ၂ ယောက်ဆီက ဖုန်းကိုသိမ်းသွားပါတယ်။ သူတိုလည်း ဖုန်းကိုလိုက်တောင်းတော့ သေနတ်နဲ့ပစ်သတ်သွားပါတယ်” ဟု ဆိုသည်။

ထိုအပြင် စစ်ကောင်စီ၏လက်နက်ကြီးများရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ဒေသခံ သက်ကြီးပိုင်းအမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးထက်မနည်းရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲက မြောက်ဦးဒေသခံအချိုစစ်ဘေးရှောင်နေချိန် မြိုတွင်းရှိ ပြည်သူများကို အဓမ္မဖမ်းဆီးပြီး သတ်ဖြတ်လာမှုကြောင့် ကျန်ရှိနေသူများလည်း အလွန်စိုးရိမ်ထိတ်လန့်လျက်ရှိသည့်အပြင် စျေးဝယ်ရန်ပင် အပြင်သို မထွက်ဝံ့တော့ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ နာရီ ကျော်တွင် ပုဏ္ဏားအခြေစိုက် ၅၅၀ တပ်ရင်းက လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် စပါးမှုန့်လွှင့်နေသည့် အသက် ၆၀အရွယ် လယ်သမား အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

သတင်းအချက်အလက်များကို AB News က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများနေ့စဥ်ရက်ဆက် သေဆုံးလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ