Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် လက်နက်ကြီးကျည်ထိမှန်ပြီး လင်မယား ၂ ဦးသေဆုံးပြီး သမီးဖြစ်သူကလေး ၁ ဦးပါအဝင် အမျိုးသား ၁ ဦးဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၄၊ ၂၀၂၃

မြောက်ဦးတွင် စကစအဖွဲ့က လက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ဆိုင်ကယ်ဖြင့်သွားနေသည့် လင်မယား ၂ ဦးသေဆုံးပြီး သမီးဖြစ်သူ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသား ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ အသက် ၃၅ နှစ်အရွယ် ဦးစံမောင် နှင့် အသက် ၂၆ နှစ်အရွယ် ဒေါ်လှလှသန်းဖြစ်ပြီး ဒဏ်ရာပြင်းထန်ရရှိသွားသည့်ကလေးငယ်မှာ အသက် ၅ နှစ်အရွယ် မခိုင်စောဝေ ဖြစ်သည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်၊ ၂ နာရီကျော်တွင် စကစ အဖွဲ့က လက်နက်ကြီးများဖြင့် ပြည်သူများသို့ ဦးတည်ပြီးပစ်ခတ်ခဲ့ရာ ဆင်ချဆိပ်ရပ်ကွက်ထဲတွင် ဆိုင်ကယ်ဖြင့်သွားနေသည့် မိသားစု ၃ ဦးအား ကျည်ထိမှန်သွားကာ မိဘ နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက AB News သို့ ပြောသည်။

“သူတို့မိသားစုက ဆင်ချဆိပ်ရပ်ကွက်ထဲမှာ ဆိုင်ကယ်နဲ့ သွားနေတာပါ၊ စကစ က လက်နက်ကြီးနဲ့ပစ်ခတ်တယ်၊ ဆိုင်ကယ်ဘေးနားမှာ ကျရောက်ပေါက်ကွဲ ပြီး လင်မယား ၂ ယောက် ပွဲချင်းပြီးသေဆုံးသွားတယ်၊ ကလေးက ဒဏ်ရာ ပြက်းထန် ရသွားပါတယ်” ဟု ဆိုသည်။

အသက် ၅ နှစ်အရွယ် မခိုင်စောဝေမှာ ဘယ်ဖက်လက် တတောင်ဆစ်တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပါ်ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ထို့အပြင် လေးမျက်နှာပုထိုးတော်အနီး မြတန်ဆောင်း စစ်ဘေးရှောင်စခန်း၏ အရှေ့တွင် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၂၂ နှစ်အရွယ် မောင်သန်းမြင့်ထူး၏ တင်ပါးတွင် ကျည်စထိမှန် ခဲ့ပြီး ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ တစ်ရက်တည်းတွင် မြောက်ဦး၌ စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ပြီး အရပ်သား ၃ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် မြောက်ဦးမြို့ထဲ မြို့သစ်ရပ်ကွက်မှ တုတ်တုတ်ချေ (ဒေသအခေါ်) မောင်းသူ တစ်ဦးအား စကစအဖွဲ့က ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီအဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အစုံလိုက်အပြုံလိုက်သေဆုံးခြင်းများ နေ့စဥ်ရက်ဆက်ပြုလုပ်လာနေကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ