Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် လက်နက်ကြီးကျည်စ ထိမှန်၍ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာအသေးစားရ

မြောက်ဦးတွင် လက်နက်ကြီးကျည်စ ထိမှန်၍ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာအသေးစားရ

AB News – ဒီဇင်ဘာ ၅၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ ၅၄၀ တပ်ရင်းမှ ပစ်ခတ်ခဲ့သော လက်နက်ကြီး ကျည်သည် အလယ်စျေးခွဆုံအနီးတွင် ပေါက်ကွဲ ၍ အမျိုး သမီးတစ်ဦး ထိခိုက်ဒဏ်ရာအသေးစားရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးမှ Arakan Bay News သို့ သတင်းပေးပို့လာခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသွားသူမှာ အသက် ၅၃ နှစ်အရွယ် ဒေါ်ဦးသိန်းနုဖြစ်သည်။

မြောက်ဦးမြို့ ၅၄၀ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် အလယ်စျေးခွဆုံးလမ်းမပေါ်ကျရောက်ပေါက်ကွဲ၍ အိပ်နေသည့် အမျိုးသမီးတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း ဒေသခံ တစ်ဦးက Arakan Bay News သို့ပြောသည်။

“လက်နက်ကြီးက လမ်းမပေါ်မှာ ကျပါတယ်၊ ကျည်စက အိမ်ထဲကိုထိုးဖောက်ဝင်သွားပြီး အိပ်နေတဲ့ အမျိုးသမီးရဲ့ ခြေကို ထိသွားတယ်” ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၃ ရက် ည ၁၀ နာရီကျော်တွင် မြို့တွင်းသို့ ဦးတည်ပြီး ပစ်ခတ်ခဲ့ရာ အလယ်စျေးခွဆုံးလမ်းမပေါ် ၁ လုံး၊ ဘုရားအုပ် စစ်ဘေးရှောင်စခန်းအနီးတွင် ၁ လုံး နှင့် မြို့ဦးဂေါင်း ကျောင်းရှေ့တွင် တစ်လုံး ကျရောက်ခဲ့သည်။

မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းအနီးတွင် ကျရောက်သော်လည်း ပေါက်ကွဲမှုမရှိခဲ့သည့်အတွက် စစ်ဘေးရှောင်ပြည်သူများ စိုးရိမ်ထိတ်လန့်လျက်ရှိခဲ့သည်ဟု စစ်ဘေးများကပြောသည်။

ခြေထောက်တွင် အသေးစားဒဏ်ရာရရှိသွားသည့်အတွက် ၎င်း၏နေအိမ်တွင်း ဆေးကုသမှုခံယူ ထားကြောင်း စုံစမ်းသိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုသည် စစ်ပွဲဖြစ်ပွားနေသည့်နေရာများသို့ ဦးတည်ပစ်ခတ်ခြင်းမရှိဘဲ ပြည်သူများသို့ ပစ်ခတ်နေခြင်းများကြောင့် ရက္ခိုင်ရှိ ပြည်သူများ သိန်းနှင့် ချီ ထွက်ပြေးရလျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ