Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် လက်ဆည်ကန်ရေ ခမ်းခြောက်လာသဖြင့် ၃ရက်တစ်ကြိမ်သာ ရေပေးဝေနိုင်

မြောက်ဦးတွင် လက်ဆည်ကန်ရေ ခမ်းခြောက်လာသဖြင့် ၃ရက်တစ်ကြိမ်သာ ရေပေးဝေနိုင်

ABN-ရာဟု

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရေပေးဝယ်နေသည့် လက်ဆည်ကန်မှာ ရေများခမ်းခြောက်လာသဖြင့် ၃ရက်တစ်ကြိမ်ကျ သာရေပေးဝေနိုင်ကြောင်း သိရသည်။

လက်ဆည်ကန်မှာ မြောက်ဦးတစ်မြို့လုံးကို နှစ်စဥ်ရေပေးဝေနေသည့်ရေကန်ဖြစ်ပြီး ယခုနှစ်တွင် မိုးရေရရှိမှုနည်းပါးခြင်းနှင့် ရေထိမ်းသိမ်းမှု အားနည်းချက်တို့ကြောင့် အချိန်စောစွာ ရေခမ်းခြောက်လာနေသည်ကိုတွေ့ရသည်။

လက်ဆည်ကန်ရေမှာ ယခုလတွင် ကန်ရေ စတင်ခမ်းခြောက်လာသဖြင့် ရေပေးဝေရေးကို ရပ်ကွက်အလိုက် ၃ရက်တစ်ကြိမ်ကျစီ ရရှိနေသည်ဟု လက်ကောက်စျေးရပ်ကွက်မှ ဦစောရွှေက ပြောသည်။

“ကန်ရေက ခမ်းလာတော့ ခုရေပေးတာက ၃ရက်တစ်ကြိမ် ကျစီပေးတာပေါ့ ။ ဒီနှစ်ကမိုးနည်းတော့ ရေက လိုအပ်သလောက်မရတော့ ရပ်ကွက်ထဲကကန် ငယ်တွေလည်း ရေခမ်းနေကြပြီ” ဟုဦးစောရွှေက ABNကိုပြောဆိုသည်။

၃ ရက် ၁ကြိမ်စီရပ်ကွက်အလိုက် ရေပေးဝေရာတွင် ရေပေးဝေသည့်အချိန် မမှန်သည့်အတွက် ရေလာချိန်ကို စောင့်ကာ ယူနေရကြောင်း ကျောက်ရာဇ်ကေရပ်ကွက်မှ ဦးသာစိန်အောင်က ပြောသည်။

“ရေက လာတဲ့အချိန်မမှန်ဘူး။ ကျနော်တို့ရပ်ကွက်ကို ညဖက်ပဲလာတာ ။ တစ်ခါတလေ ရေက ညဘက် ၂နာရီမှရတာတွေရှိတယ်။ ညဖက်ဆို ရေစောင့်ရတာပေါ့ လာမယ့်အချိန်ကို” ဟု ဦးသာစိန်အောင်က ABN ကိုပြောဆိုသည်။

လက်ဆည်ကန်မှာ နွေရာသီရောက်တိုင်းရေခမ်းခြာက်လာတတ်သော်လည်း မြောက်ဦးတစ်မြို့လုံးကို နှစ်စဥ်နှစ်တိုင်း ရေလုံလောက်အောင် ပေးဝေနိုင်ပြီး ယခုနှစ်တွင်ရေခမ်းခြောက်မူများလာသည့်အတွက်ကြောင့် ရေပြတ်လပ်မည်ကို စိုးရိမ်မိကြောင်း အောင်တပ်ရပ်ကွက်မှ ဦးအောင်သန်းက ပြောသည်။

“ဒီကန်က နှစ်တိုင်ရေ လုံလောက်အောင်ပေးဝေနေတာပါ။ ရေက စပြီးခမ်းလာတော့ ရေလုံလောက်အောင်မပေးနိုင်မှာကို စိုးရိမ်တယ်”ဟု ဦးအောင်သန်းက ABNကို ပြောသည်။

ရခိုင်ပြည်တွင် ယခုနှစ် မိုးရွာရာသီက မိုးရွာသွန်းချိန် နည်းပါးကာ ရေကန်များတွင် ရေလိုအပ် သလောက်မရရှိသဖြင့် ရေကန်များတွင်ရေများ စတင်ခမ်းခြောက်လာကာ စစ်တွေမြို့တွင်လည်း ရေပေးဝေနေသည့် ကန်တော်ကြီးရေကန်မှာလည်း ယခုလ ၁၅ ရက်နေ့အထိသာ ရေပေးဝေနိုင်တော့မည်ဟု သိရှိရသည်။

ဓာတ်ပုံ-ကိုချမ်းအေး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ