Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်၊ စကစအဖွဲ့ဝင် အများအပြားသေဆုံး
မြောက်ဦးတွင် ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်၊ စကစအဖွဲ့ဝင် အများအပြားသေဆုံး

(အပြစ်မဲ့ ပြည်သူ ၂ ဦးကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွား )

AB News – ဒီဇင်ဘာ ၁၇၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးတွင် ရက္ခိုင့်တပ်တော်က စစ်ကောင်စီစစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစအဖွဲ့ဝင် အများအပြားသေဆုံးသွားခဲ့ကြောင်း သိရပြီး အပြစ်မဲ့အရပ်သား ပြည်သူ ၂ဦးကို စစ်ကောင်စီအဖွဲ့က လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွားကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် မြောက်ဦးမြို့အခြေစိုက် ရဲတပ်ရင်း ၃၁ မှထွက်လာသည့် စစ်ကောင်စီတပ်သား ၉၀ ကျော်ခန့်ပါရှိသည့် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်က သကျမာရ်အောင်တောင်တန်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ တပ်ဖွဲ့ဝင်အများအပြား သေဆုံးသွားခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခြင်းခံရပြီးနောက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“AA ကနေပြီးတော့ မိုင်းဆွဲတိုက်ခိုက်ပါတယ်၊ ကျဆုံးသွားတဲ့သူတွေလည်းရှိတယ်၊ အဲ့ဒီအငြိုးနဲ့ လူ ၂ ​ယောက်ကိုဖမ်းဆီး သွားတယ်လို့ သိရပါတယ် ” ဟု ဆိုသည်။

လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရသူများမှာ မြောက်ဦးမြို့နယ် လောင်းကြက်ကျေးရွာမှ ကျန်းမာရေးဝန်ထမ်း ဦးကျော်လှိုင် နှင့် မြောက်ဦးမြို့ အလယ်စျေးရပ်ကွက်မှ ကိုဇော်မြင့်တို့ ဖြစ်သည်။

၎င်းတို့ ၂ ဦးအား မြောက်ဦးမြို့အခြေစိုက် ၅၄၀ တပ်ရင်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့ဝင်အချို့သေဆုံးမှုကြောင့် ၎င်းတပ်ရင်းမှ လက်နက်ကြီးများလည်း ပစ်ကူပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီတို့ ​အထင်ကရနေရာတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဖက်မှ Mi-35 ရဟတ်ယာဥ်တစ်စီးဖြင့် ပစ်ကူပေးခဲ့သည့်အတွက် သမိုင်းဝင်အမွေအနှစ်ဖြစ်သော ရတနာ့မာရ်အောင်ပုထိုးတော်၌ လက်နက်ကျည် ထိမှန် ပျက်စီးမှုများ ရှိခဲ့သည်။

ထို့အပြင် ယနေ့မွန်းလွှဲ ၁ နာရီကျော်တွင်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲ့တို့သည် ပေါက်တောမြို့ထဲ တစ်နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အရှုံးဖြင့်ရင်ဆိုင်နေရသော အကြမ်းဖက် စကစအဖွဲ့သည် ပြည်သူများအား မတရားဖမ်းဆီး၍ ညှင်းပမ်းနှိပ်စက်ခြင်းများပြုလုပ်လာခြင်း၊ သေနတ်ဖြင့် လှမ်းပစ်မှုများရှိလာခြင်း အပါအဝင် ဓားပြတိုက် ငွေညှစ်မှုများလည်းပြုလုပ်လာသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ