Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ဆယ်ကျော်သက်အရွယ်တစ်ဦး ကြိုးဆွဲချသေဆုံး

မြောက်ဦးတွင် ဆယ်ကျော်သက်အရွယ်တစ်ဦး ကြိုးဆွဲချသေဆုံး

AB News-ဟိန်းထွန်း

အောက်တိုဘာ ၂၁ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ဘုရားပေါ်ရပ်ကွက်မှ နွားကျောင်းနေသည့် ဆယ်ကျော်သက်အရွယ်တစ်ဦး ကြိုးဆွဲချသေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဘုရားပေါ်ရပ်ကွက်မှ အဖ ဦးမောင်လှအေး၏သား ​အသက် ၁၃ နှစ်အရွယ် မောင်ကျော်ခိုင်စိုးဖြစ်သည်ဟု သိရသည်။

၎င်းသည်ယနေ့မနက်ပိုင်းက နွားကျောင်းသွားရာတွင် အုန်းတော၏ဘေးတွင်ရှိသည့် ကုက္ကိုပေါ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကိုမြင်ခဲ့ကြောင်း ဘုရားပေါ် ဒေသခံတစ်ဦးက AB News-သို့ပြောသည်။

“မနက်က နွားကျောင်းဖို့သွားပါတယ်၊ ဘယ်လိုဖြစ်သွားလဲတော့မသိဘူး၊ ရွာသားတွေက နွားကျောင်းဖို့သွားတဲ့အခါ အုန်းတောရဲ့ဘေးနားမှာရှိတဲ့ ကုက္ကိုပင်မှာ ကြိုးဆွဲချသေဆုံးနေတာကို တွေ့ရတယ်” ဟု ဆိုသည်။

၎င်းသည် တဲတစ်ခုမှ နွားချည်ကြိုးဖြင့် လယ်ကွင်းအနီးရှိ ကုက္ကိုပင်တွင် ကြိုးဆွဲချ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ABN က အတည်ပြုနိုင်ရန်အတွက် ၎င်း၏မိဘများကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းမရှိသည့်အတွက် အတည်ပြုရန် အခက်အခဲများရှိခြင်း၊ သားဖြစ်သူ အသုဘသို့သွားနေသည့်အတွက် ဆက်သွယ်၍ မရနိုင်ခဲ့ပေ။

မောင်ကျော်ခိုင်စိုးသည် ဆင်းရဲနွမ်းပါးသည့်အတွက် ငယ်စဥ်အခါကပင် မိဘကျောင်းမထားနိုင်သည့်အတွက်ကြောင့် ဟင်းခူး၊ ငါးရှာ နွားကျောင်းနေသည့်ကလေးငယ်တစ်ဦးဖြစ်ကာ ကျောင်းမထားနိုင်သည့် ကိစ္စများကြောင့်​မိမိကိုယ်ကို အဆုံးစီရင်သတ်သေသွားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ယူဆနေကြကြောင်း သိရသည်။

သေဆုံးသူ၏အလောင်းကို ယနေ့ ၃နာရီကျော်တွင် ထိုရွာ၏ သုဿာန်တွင် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ