Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စစ်ဘေးရှောင်စခန်းသို့ WFPကရှောင်တခင် ဝင်စစ်ပြီး ငွေပေးရာတွင် ၁၄၇ ဦးထောက်ပံ့ငွေမရဖြစ်၊ စစ်ဘေးရှောင်များအခက်တွေ့

မြောက်ဦးတွင် စစ်ဘေးရှောင်စခန်းသို့ WFPကရှောင်တခင် ဝင်စစ်ပြီး ငွေပေးရာတွင် ၁၄၇ ဦးထောက်ပံ့ငွေမရဖြစ်၊ စစ်ဘေးရှောင်များအခက်တွေ့

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည် မြောက်ဦးမြို့ရှိ၊ လက်ကောက်စျေးစစ်ဘေးရှောင်စခန်းသို့ WFP ဝန်ထမ်းတစ်ဦးဖြစ်သည့်

​မြထွန်းကျော်ဦးဆောင်သည့် ဝန်ထမ်း ၁၀ ကျော် သည် ဧပြီလ ၆ ရက်နေ့က ငွေပေးရန် ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန်တွင် စခန်းတွင် ရှိမနေသည့် စစ်ရှောင် ၁၄၇ ဦးကိုထောက်ပံ့ငွေမပေးခဲ့ကြောင်းသိရှိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP သည် လက်ကောက်စျေးစစ်ဘေးရှောင်စခန်းသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့သည့်အပြင် စစ်ဆေးချိန်၌ နေအိမ်တွင် ရှိမနေသည့် စစ်ဘေးရှောင်များကို ထောက်ပံ့ငွေမပေးခဲ့ကြောင်းသိရသည်။

WFP က စခန်းတွင် ဝင်ရောက်ပြီး လူစာရင်း စစ်ဆေးစဥ် လူကိုယ်တိုင်မတွေ့ရသည့် စစ်ဘေးရှောင်များကို ငွေကြေးမထောက်ပံ့ခြင်းမှာ မဖြစ်သင့်ကြောင်း စခန်းကော်မတီဝင် ကိုလင်းနိုင်က ABN သို့ပြောသည်။

“သူတို့က ဝင်လာပြီးတော့ စစ်ဘေးရှောင်တွေကိုအင်တာဗျူးမေးတယ်၊ ရှောင်တခင်ဝင်လာတယ်၊ သူတို့လာတဲ့အချိန်မှာ စစ်ဘေးရှောင်တွေက ၎င်းတို့ရွာကိုပြန်သွားတဲ့သူတွေရှိတယ်၊ ရွာထဲမှာအလုပ်လုပ်ဖို့သွားတဲ့သူတွေလည်းရှိတယ်၊ WFP အဖွဲ့နဲ့အင်တာဗျူးချိန်မှာမတွေ့လိုက်ရပါ၊ ဒီလူတွေက စာရင်းထဲမှာပါမလာဘူး၊ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ဘေးရှောင်တွေက မကျေနပ်ကြဘူး၊အခုလိုလုပ်ရပ်ကလည်းမဖြစ်သင့်ဘူး” ဟု ဆိုသည်။

လက်ကောက်စျေးစစ်ဘေးရှောင်စခန်းက နေရပ်ပြန်သွားသည့်လူများကလည်း ၃ လပိုင်း အတွက် ထောက်ပံ့ငွေရရှိခဲ့ပြီး စခန်းနေစစ်ဘေးရှောင်များမှာ မရရှိသည့်အတွက်အလွန်ဝမ်းနည်းကြောင်း စစ်ဘေးရှောင် အမျိုးသမီး ၁ ဦးက ပြောသည်။

ထို့အပြင် WFP အဖွဲ့က မကျေနပ်လျှင်ဌာနချုပ်ကို ဖုန်းဆက်နိုင်ပြီးအထောက်အထားများပြည့်စုံလျှင်လက်ခံမည်ဟု ပြောခဲ့သောကြောင့် ထောက်ပံငွေမရသည့် စစ်ဘေးရှောင်းများက ပြန်လည်ဆက်သွယ်ခဲ့ရာတွင်လည်း အဆင်ပြေမှု မရှိကြောင်း စခန်းတာဝန်ခံက ပြောသည်။

လက်ကောက်စျေး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၅၉ စုရှိပြီး၊ လူဦးရေအရေအတွက်မှာ ကျား၂၆၃ဦး ၃၆၇ဦးရှိသည်။

WFP၏ ထောက်ပံ့ငွေမရရှိသည့် အိမ်ထောင်စု ၃၅ စုရှိပြီး၊ လူဦးရေ ၁၄၇ ဦးရှိသည်။

ဓာတ်ပုံ-ABN

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ