Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စစ်ဘေးရှောင်စခန်းကို WFP ရှောင်တခင် ဝင်ရောက်၍ လူစာရင်းစစ်၊ စစ်ဘေးရှောင်များ ဝေဖန်

မြောက်ဦးတွင် စစ်ဘေးရှောင်စခန်းကို WFP ရှောင်တခင် ဝင်ရောက်၍ လူစာရင်းစစ်၊ စစ်ဘေးရှောင်များ ဝေဖန်

ABN-ကိုဟိန်းထွန်း

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ လက်ကောက်စျေး စစ်ဘေးရှောင်စခန်းကို WFP ဝန်ထမ်း မြောက်ဦးမြို့ခံ ဦးမြထွန်းကျော်ဦးဆောင်၍ အဖွဲ့ဝင် ၆ ဦးသည် ယမန်နေ့ ၂ နာရီတွင် ရှောင်တခင် ဝင်ရောက်ပြီး လူဦရေစာရင်း စစ်ဆေးမှုပြုလုပ်ခဲ့သောကြောင့် စစ်ဘေးရှောင်များကြားတွင် ဝေဖန်သံများထွက်ပေါ်နေသည်ဟု သိရသည်။

WFP က ကွင်းဆင်းစာရင်းကောက်ရာတွင် ၎င်းတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ စစ်ဘေးရှောင်များကိုသာ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် WFP အဖွဲ့ဝင်အချို့သည် ရခိုင်ပြည် မြောက်ဦးမြို့ရှိ စစ်ဘေးရှောင်စခန်းအချို့ကို ယခင်လကတည်းက ရှောင်တခင်ဝင်စစ်ခြင်းများ ပြုလုပ်လျက်ရှိနေသည်ကို စစ်ဘေးရှောင်များ ပြောကြားချက်အရ သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP သည် စစ်ဘေးရှောင်စခန်းတာဝန်ခံကို တိုက်ရိုက်အသိမပေးဘဲ ၎င်းတို့ ပစ္စည်းထောက်ပံ့ပေးထားသည့် စစ်ဘေးရှောင်အချို့ကို အကြောင်းကြားပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ခြင်း၊ တာဝန်ခံက နာရေးကိစ္စဖြင့်ခရီးလွန်နေသည့်အချိန်ဖြစ်၍ ၎င်းတို့မှ ခွင့်ပြုလို့ဝင်သည်ဟု ပြောဆိုခြင်းနှင့် WFP အဖွဲ့အနေဖြင့် တာဝန်ခံအား အသိပေးပြီးမှ စခန်းထဲဝင်သင့်ကြောင်း ​ကိုကျော်မင်းထွန်းက ABN သို့ပြောသည်။

” သူတို့က ကျနော်ကိုကျတော့ တိုက်ရိုက်အသိမပေးပါဘူး၊ သူတို့ပစ္စည်းပေးတဲ့ လူတွေကိုအသိပေးတယ်၊ ကျနော်ကလည်းနာရေးကိစ္စနဲ့ခရီးသွားနေတဲ့အချိန်ပေါ့၊ သူတို့တွေက ခွင့်ပြုလို့ဝင်တာပါလို့ပြောတယ်၊ ကျနော်ကလည်းပြောပြလိုက်ပါတယ်၊ အဲ့ဒီလူတွေက ခွင့်ပြုတာမဟုတ်ဘူး ခဏလောက်စောင့်နေပါ၊ ကော်မတီတွေလာမယ်လို့ပြောတာဖြစ်မယ်၊ ဒီလိုနဲ့ ကျနော်တို့လာတဲ့အခါ WFP အဖွဲ့ကပတ်ပြီးစာရင်းကောက်နေပါတယ်၊ ကျနော်လည်းသူတို့ကိုခေါ်လိုက်ပါတယ်၊ သူတို့ရဲ့အဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတယ်၊ သူတို့က ပထမအကြိမ် မြေပြင်ကွင်းဆင်းကောက်တာလို့ပြောပါတယ်၊ ကျနော်ကလည်း ဒါက ကော်မတီဝင်တွေ၊ ခေါင်းဆောင်တွေကို အသိပေးပြီးမှ ဝင်လာရမှာပါ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်း ပြဿနာရှိနိုင်ပါတယ်၊ ဒီလိုမလုပ်သင့်ပါလို့လည်း ပြောတယ်၊ နောက်တစ်ခါလာရင် အသိပေးပြီးလာပါလို့ ပြောလိုက်ပါတယ်” ဟု ဆိုသည်။

လက်ရှိတွင် စစ်ဘေးရှောင်အချို့မှာ ဆွေမျိုးများ ၏ရှင်ပြုပွဲ ရဟန်းခံပွဲများကို သွားရောက်နေသည်များရှိခြင်း၊ စားဝတ်နေရေးအခက်ကြုံနေရသည့်အတွက် စခန်းပြင်ထွက်၍ ကျပန်းအလုပ်လုပ်နေခြင်းများကြောင့် စခန်းထဲတွင် အမြဲရှိမနေနိုင်ကြောင်း စခန်းတာဝန်ခံ ကိုကျော်မင်းထွန်းက ပြောသည်။

“အခုက ဆွေမျိုး မိသားစုတွေမှာ ရှင်ပြုပွဲတွေများတဲ့အချိန်ပေါ့ဗျ၊ ရှင်ပြုပွဲတွေဆို အားလုံးသိတဲ့အတိုင်းပေါ့ တစ်ရွာလုံးကသွားပြီးလုပ်ပေးရတယ်လေ၊ အဲ့ဒါကြောင့်တစ်ချို့မိသားစုတွေက ရွာကိုသွားလိုက်၊ စခန်းကိုပြန်လာလိုက်ဖြစ်နေတယ်၊ အားလုံးသူစခန်းမှာရှိနေရမယ်ဆိုတာကလည်း စစ်ဘေးရှောင်တွေက အလုပ်အကိုင်အခွင့်အလမ်းတွေမရှိတော့ အပြင်သွားပြီး ကြုံရာကျပန်းလုပ်ရင်း ရှာဖွယ်စားသောက်နေရတဲ့သူတွေရှိပါတယ်၊ ဒီလိုအချိန်မှာ သူတို့စာရင်းလာကောက်တဲ့အခါ လူတွေကမစုံဘူးပေါ့၊ ရှိတဲ့ဦးရေကိုသာကောက်ယူမယ်ဆိုတော့ ကျန်တဲ့သူတွေမရတော့ဘူးပေါ့နော်၊ ဒါတွေနဲ့ပတ်သတ်လို့ WFP ခေါင်းဆောင်တွေနဲ့ဆွေးနွေးပါတယ်၊ အဲလို့ပြောတဲ့အခါ သူတို့တွေက ကျနော်တို့က ဒီမိသားစုကို ပေးသင့်၊ မပေးသင့်မဆုံးဖြတ်ရသေးပါဘူး” ဟု ဆိုသည်။

အဖွဲ့အစည်းများကလှူဒါန်းထောက်ပံ့သည့် ငွေကြေးပစ္စည်းများလောက်နဲ့ လုံလောက်မှုမရှိ၍ နေ့တိုင်း စခန်းပြင်ထွက်၍ ကျပန်း အလုပ်လုပ်နေရကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

“အဖွဲ့အစည်းတွေက ပေးတာနဲ့ပဲညကျနော်တို့ နေရမယ်ဆိုရင် ကျနော်တို့ ငတ်သေနေလောက်ပါပြီ။ သူတို့ထောက်ပံ့တာလည်း ပုံမှန်မဟုတ်ပါဘူး။ တခါတလေ ၃ လ ၄ လလောက်ထိကိုကြာသွားပါတယ်။ ပေးတော့လည်း နည်းနည်းလေးပါ။ ဘယ်လိုမှ မလောက်ပါဘူး။ ကျနော်တို့မှာ အပြင်မှာ ကြုံရာကျပန်း ရှာလုပ်ရပါတယ်” ဟုပြောသည်။

WFP အဖွဲ့လာရောက်စစ်ဆေးချိန်တွင် စခန်းတွင်းရှိသည့်ဦးရေကိုသာ တသမတ်တည်းမဆုံးဖြတ်စေချင်ကြောင်းနှင့် လက်ရှိတွင် ကုန်ဈေးနှုန်းမြင့်မားခြင်းကြောင့် တစ်မိသားစုစားဖို့ တစ်မိသားစုလုံး အလုပ်လုပ်မှ ရသည့်အခြေအနေဖြစ်သည့်အတွက် WFP အနေဖြင့် စစ်ဘေးရှောင်များကို ပေးသင့် မပေးသင့် ဆုံးဖြတ်သည့်အခါ စခန်းတာဝန်ခံများနှင့် ဆွေးနွေးတိုင်ပင်စေလိုကြောင်း ၎င်းကဆက်ပြောသည်။

လက်ကောက်စျေးစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စုအရေအတွက် ၁၅၉ စုရှိပြီး လူဦးရေအရေအတွက်မှာ ကျား၂၆၃ဦး

၃၆၇ဦး နေထိုင်သည့်စခန်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့က စစ်ဘေးရှောင် ၃၁ ဦး နေရပ်ပြန်သွားခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြောက်ဦးမြို့နယ် မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းကိုလည်း ပြီးခဲ့သည့်လက WFP ဝန်ထမ်းအချို့ စခန်းထဲဝင်ရောက်ကာ စာရင်းကောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ