Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်သံကြောင့် အသက် ၇၀ အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး နှလုံးရပ်သေဆုံး

မြောက်ဦးတွင် စစ်ကောင်စီ၏လက်နက်ကြီးပစ်သံကြောင့် အသက် ၇၀ အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး နှလုံးရပ်သေဆုံး

AB News- ဇန်နဝါရီ ၁၁၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြောက်ဦးမြို အံတော်သိမ်ဘုရားတွင် စစ်ဘေးရှောင်နေသော အသက် ၇၀အရွယ် အမျိုးသား ၁ ဦးသည် စစ်ကောင်စီ၏လက်နက်ကြီး တရစပ် ပစ်ခတ်မှုအသံများကြောင့် ထိတ်လန့်ကာ နှလုံးရပ် သေဆုံးသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။

သေဆုံးသွားသူမှာ မြောက်ဦးမြိုရှိ ရတနာပုံစေတီ အံတော်သိမ်ခြေရင်းတွင် စစ်ရှောင်နေသော ဦးအောင်ထွန်းစိန် ၇၀ နှစ်ဖြစ်သည်။

ဦးအောင်ထွန်းစိန်သည် စစ်ကောင်စီ၏ လက်နက်ကြီးအန္တရာယ်ကို ကြောက်လန့်၍အသက် ဘေးလွတ်ရာ အံတော်သိမ်ဘုရားတွင် ပုန်းခိုအိပ်နေစဥ် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးတရစပ် ပစ်ခတ်မှုအသံကြောင့် အထိတ်တလန့်ဖြစ်ကာ နှလုံးရပ် သေဆုံးသွားကြောင်း နီးစပ်သူ ဒေသခံ ၁ ဦးက ပြောသည်။

“မနေ့က လက်နက်ကြီးတွေ အဆက်မပြတ်ပစ်နေတော့ အံတော်သိမ်ဘုရားမှာ ပုန်းခိုအိပ်နေတဲ့ ဦးအောင်ထွန်းစိန်ဟာ လက်နက်ကြီးအသံကြောင့် ထိတ်လန့်သေဆုံးသွားတယ်။ သူ့မှာက ဆွေမျိုးသားသမီးတွေလည်း မရှိတော့ဘူး၊ သူ့မိန်းမနဲ့ နှစ်ယောက်တည်း စားသောက်နေကြရတာ၊ အလောင်းကိုတော့ နာရေးအဖွဲက ကူညီပီးလုပ်ပေးလိုက်ကြပါတယ်”  ဟု ၎င်းကဆိုသည်။

မြောက်ဦးမြိုရှိ ရက္ခိုင်တို၏တန်ဖိုးထားရသော နန်းတော်ကုန်းကိုလည်း အကြမ်ဖက်စစ်ကောင်စီအဖွဲမှ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ၆ လုံးပစ်ခတ် ဖျက်ဆီးခဲ့သည်။

ထိုအပြင် အကြမ်းဖက်စစ်ကောင်စီအဖွဲသည် ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း မြိုခံသား ၃ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးကာ သေနတ်ဖြင့် လူမဆန်စွာ ပစ်သတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ