Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စစ်ကောင်စီတပ် အချင်းချင်း လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွား

မြောက်ဦးတွင် စစ်ကောင်စီတပ် အချင်းချင်း လက်နက်ကြီး ပစ်ခတ်မှုဖြစ်ပွား

AB News – နိုဝင်ဘာ ၃၀၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် စစ်ကောင်စီတပ် အချင်းချင်း လက်နက်ကြီးပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

မြောက်ဦးမြို့ ရွှေတောင်၌တပ်စွဲထားသည့် ၅၄၀ တပ်ရင်းမှ ယမန်နေ့ နိုဝင်ဘာ ၂၉ ညနေ ၄ နာရီကျော်က လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကိုးသောင်းအနီးရှိ ခေါင်းဖြူပြင် အမှတ် ၃၁ ရဲတပ်ရင်းတွင် ကျရောက်ပေါက်ကွဲပြီး ၎င်းစခန်းမှပြန်လည်လှမ်းပစ်ရာ ၅၄၀ အနီးတွင်ပေါက်ကွဲသွားကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့ ၅၄၀ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်စဥ် ကိုးသောင်းဘုရားအနီးခေါင်းဖြူပြင် အမှတ် ၃၁ ရဲတပ်ရင်းတွင် ကျည် ၁ လုံးကျရောက်ပေါက်ကွဲသည်ဟု မျက်မြင် ၁ ဦးက AB News သို့ပြောသည်။

“၅၄၀ တပ်ရင်းက ပြည်သူတွေကိုလှမ်းပစ်တယ်၊ သူတို့ရဲ့ရဲစခန်းမှာ တစ်လုံးကျတယ်၊ ရဲစခန်းကလည်း ငါ့တို့ပစ်ရမလားဆိုပြီး တပ်ကိုပြန်ပစ်တယ်၊ တပ်စွဲထားတဲ့အနီးမှာ ပေါက်ကွဲသွားတယ်၊ သေတယ်လို့တော့ ပြောသံကြားတယ်” ဟု ဆိုသည်။

လူအသေအပျောက် ရှိ/မရှိကိုမူ AB News မှ သီးခြား အတည်ပြုနိုင်ရန် ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။

ထို့အပြင် ပေါက်တောမြို့တွင် ယမန်နေ့ နိုဝင်ဘာ ၂၉ရက်နေ့ ညက ရက္ခိုင့်တပ်တော် နှင့် စစ်ကောင်စီအဖွဲ့တို့ ၂ ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စကစဖက်မှ သေဆုံးသူ ၃၀ကျော်ထက်မနည်းရှိခဲ့ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

ရက္ခိုင်တွင် စစ်ကောင်စီတပ်အဖွဲ့က ရဲတပ်ဖွဲ့အား ဖမ်းဆီးခြင်းများ ဖြစ်ပေါ်ပြီးနောက် အချင်းချင်းကြား ယုံကြည်မှု ပျက်ပြားမှု ရှိလာနေကြကြောင်း တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ