Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် စကစအဖွဲ့က ဒေသခံ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်၊ ပြင်းထန်ဒဏ်ရာရ

မြောက်ဦးတွင် စကစအဖွဲ့က ဒေသခံ ၁ ဦးအား လက်နက်ငယ်ဖြင့် ပစ်ခတ်၊ ပြင်းထန်ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၉၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြောက်ဦးမြို့တွင် စကစအဖွဲ့က လက်နက်ငယ်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိခဲ့သူမှာ မြောက်ဦးမြို့ ဝသဲရပ်ကွက်မှ အသက် ၇၀ အရွယ် ဦးကျန်မောင်ဖြစ်ကြောင်း သိရသည်။

၎င်းသည်ယနေ့ နေ့လည် ၂ နာရီကျော်က ချောင်းသစ်ရွာရှိ ဆွေမျိုးများထံမှ ဆန်၊ဆီ၊ ငရုတ်များယူပြီး ပြန်လာချိန် စကစမှ လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်သဖြင့် ပြင်းထန်စွာဒဏ်ရာ ရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ပြောသည်။

“သူက ဆွေမျိုးတွေဆီသွားပြီး ဆန်၊ ဆီ၊ ငရုတ်တွေ သွားယူတာပါ။ အမှတ် ၃၁ ရဲစခန်းက လက်ငယ်တွေနဲ့လှမ်းပစ်တော့ ဦးခေါင်းမှာ ဒဏ်ရာ ရသွားပါတယ်၊ အခုတော့ ဆေးခန်းပို့ထားရပါတယ်” ဟု ဆိုသည်။

ဦးခေါင်း၌ ဒဏ်ရာပြင်းထန်သည့်အတွက် အနီးအနားရှိ ဆေးခန်းများတွင် ကုသနေရသည်။ မိသားစုဝင်များလည်းဆင်းရဲ နွမ်းပါးသည့်အတွက် ငွေကြေးအခက်အခဲရှိနေကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီ အဖွဲ့က ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၂ နာရီတွင် လက်နက်ကြီးကျည် ၈ လုံးထက်မနည်းပစ်ခတ်ခဲ့ရာ ရွာဟောင်းတောရပ်ကွက် ဂူဝသို့ ၁ လုံး ကျရောက်ပေါက်ကွဲကာ အမျိုးသား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိတွင်အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရှုံးဖြင့်ရင်ဆိုင်နေရသည့်အတွက်ကြောင့် ပြည်သူများကို အဓိက ဦးတည်ပြီး တိုက်ခိုက်လာသည်ကို တွေ့ရသည်။

စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်နေမှုကြောင့် မြောက်ဦးမြို့ခံပြည်သူများသောင်းနှင့်ချီ ထွက်ပြေးနေကြရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ