Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ငွေတောင်ပေါက်မှ လက်နက်ငယ် များပစ်ခတ်နေကြောင်း သိရ

မြောက်ဦးတွင် ငွေတောင်ပေါက်မှ လက်နက်ငယ် များပစ်ခတ်နေကြောင်း သိရ

AB News – နိုဝင်ဘာ ၂ ရက်

ရခိုင်ပြည်၊ မြောက်ဦးမြို့ မြို့မရဲစခန်းရှေ့ ငွေတောင်ပေါက်တွင် စစ်ကောင်စီဖက်မှလက်နက်ငယ်များပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက AB News သို့သတင်းပေးပို့လာခဲ့သည်။

ယနေ့ညနေ ၅နာရီ ၅၅ မိနစ်ခန့်အချိန်တွင် မြောက်ဦးမြို့ မြို့မရဲစခန်းရှေ့ ငွေတောင်ပေါက်မှ လက်နက်ငယ်များ ပစ်​ခတ်နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။

” ညနေလောက်မှာပါ၊ မြို့မရဲစခန်းရဲ့အရှေ့အနီးနားမှာငွေတောင်ပေါက်ရှိတယ်၊ အဲ့ဒီက စစ်သားတွေက လက်နက်ငယ်တွေ ပစ်ခတ်နေပါတယ်” ဟုဆိုသည်။

လက်နက်ငယ် ပစ်ခတ်နေသည်မှာ အချက် ၂၀ ကျော်ရှိပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ပစ်ခတ်နေသည့်အတွက်ကြောင့် မြို့ခံပြည်သူများလည်း လမ်းသွားလမ်းလာ နည်းသွားကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့ထိ ကထိန်ပွဲရှိသောကြောင့် ဆရာတော်များအပါအဝင်ပြည်သူလူထုမှာ စိုးရိမ်ထိတ်လန့်နေရကြောင်း ၎င်းမှဆက်ပြာသည်။

“တန်ဆောင်မုန်းလပြည့်နေ့ထ် ကထိန်ပွဲရှိပါတယ်၊ ရဟန်းရှင်လူအားလုံး နဲ့ပြည်သူတွေ စိတ်မချမ်းသာဖြစ်နေရတယ်” ဟု ဆိုသည်။

မြောက်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညဥ့်အချိန်တွင် ကင်းလှည့်မှုများပြုလုပ်ခြင်းနှင့် AA တပ်ဖွဲ့ဝင်များအား လိုက်လံရှာဖွယ်ခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ