Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတွင် ကျောင်းသူ ၁ ဦးကို ရဲကားဝင်တိုက်၊ ဆေးရုံတင်ထားရ

ABN-ဟိန်းထွန်း

စက်တင်ဘာ ၂၃ ရက်

ရခိုင်ပြည် မြောက်ဦး မြို့ရှိ ကျောက်ရစ်ကေ စျေးချေ (ဈေးလေး) အနီးတွင် မုန့်စားရန်ထွက်သွားသည့် ကျောင်းသူ တစ်ဦးကို ရဲကား ၁ စီးက ဝင်တိုက်ခဲ့​သည့် အတွက် ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သူမှာ အဖ ဦးဘုရွှေမောင်၏ သမီး အသက် ၁၈ နှစ်အရွယ် မလှမြတ်စိုးဖြစ်ပြီး မြောက်ဦးမြို့နယ် ဘာညိုကျေးရွာကဖြစ်ကြောင်းသိရသည်။

သူမသည် ယမန်နေ့ည ၆ နာရီကျော်ခန့် တွင် အနီးအနား၌ ရှိသော ကျောက်ရစ်ကေ ဈီးချေ (ဈေးလေး) သို့ မုန့်ဝယ်ရန်ထွက်သွားခဲ့ပြီး လမ်းကိုဖြတ်ကူးရာတွင် ကားတိုက်ခံခဲ့ရကြောင်း နီးစပ်သူ တစ်ဦးက ABN သို့ အတည်ပြုပြောသည်။

“၆ နာရီကျော်လောက်မှာပါ၊ မုန့်စားဖို့ဆိုပြီး စျေးကိုသွားပါတယ်၊ လမ်းဖြတ်ကူးတဲ့အခါ ရဲကားက ဝင်တိုက်သွားတယ်၊ ချက်ချင်းဆေးရုံးကို ပို့လိုက်တယ်” ဟု ဆိုသည်။

ရဲကားတိုက်၍ ဒဏ်ရာပြင်းထန်ရသွားခဲ့သည့် ၁၂ တန်းကျောင်းသူ မလှမြတ်စိုးသည် ဇွဲဉာဏ်စွမ်းဘော်ဒါဆောင်တွင် ပညာသင်ယူနေသူဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့တွင် ကားတိုက်ခံရမှုကြောင်း မည်သည့်ကားမဆို ဆင်ဆင်ခြင်ခြင်မောင်းသင့်ကြောင်း ၊ တစ်ခုခုဖြစ်သွားလျှင် အသက်ဆုံးရှုံးသွားနိုင်ကြောင်း ၎င်း မှ ဆက်၍ ပြောသည်။

“ကားတွေ သတိရှိရှိမောင်းစေချင်ပါတယ်၊ ကားတိုက်လို့ဒဏ်ရာ ရသွားရင် ချက်ချင်း ဘယ်သူမှမတတ်နိုင်ဘူး၊ အသက်အန္တရာယ်လည်း ဆုံးရှူံးနိုင်တယ်” ဟု ဆိုသည်။

ဘယ်ဖက်လက်မောင်းနှင့် ​ဒူးဆစ်တို့တွင် ဒဏ်ရာ ရရှိခဲ့ပြီး ဓာတ်မှန် ၂ ခေါက်ခန့်ရိုက်ထားခဲ့ရကာ မြောက်ဦးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ​မင်းပြား​ဖက်တက်လာသည့် စစ်ကား ၁၃ စီးသည် မြောက်ဦးသို့ရောက်ရှိနေကြောင်း သိရသည်။

၎င်းထဲမှစစ်ကားတစ်စီးသည် ကျောက်တော်မြို့နယ် ဘုရားပေါင်းရွာနှင့် တောင်ပေါက်ရွာကြားတွင် မူဆလင်အမျိုးသားတစ်ဦးကို ဝင်တိုက်ခဲ့မှုကြောင့် လက်မောင်းရိုးကျိုးသွားခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ