Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်ဦးတပ်ရင်းမှ မင်းပြားတပ်ရင်းသို့ စစ်ကား ၇ စီးဖြင့် စစ်သားများကို ရွှေ့ပြောင်းလုပ်

ABN-ရှိုင်းမိုး

ယမန်နေ့ ၁၀နာရီကျော်အချိန်တွင် ‌မြောက်ဦးတပ်ရင်းမှ မင်းပြားတပ်ရင်းသို့ စစ်ကား ၇စီးဖြင့် စစ်သားများကိုရွှေ့ပြောင်းနေသည်ကို တွေ့ရကြောင်း ဒေသခံများကပြောသည်။

ထို စစ်ကား ၇စီးတွင် စစ်အင်အား ၂၅၀ နီးပါး ပါရှိပြီး၊ ထို ၇စီးထဲမှ တစ်စီးတွင် ရဲသား ၅၀​ဖြင့် ကားတစ်စီးပါရှိပြီး၊ တခြား ၆စီးတွင် စစ်ကောင်စီတပ်သားများပါရှိသည်ဟု မျက်မြင်သက်သေ ဒေသခံများက ပြောသည်။

“မြောက်ဦးတပ်ရင်းထဲက ထွက်သွားတာပါ၊ စစ်ကား ၇စီး ၊ အဲဒီ စစ်ကား ၇စီးထဲမှာ ၁စီးကတော့ ရဲသားတွေပါ၊ ရဲသားလည်း ၅၀လောက်ပါတယ်၊ ကျန်တဲ့ကားတွေမှာတော အကုန်လုံး စစ်သားတွေပါ၊ မင်းပြားဖက်ကိုထွက်သွားပါတယ်” ဟု မြောက်ဦးဒေသခံတစ်ဦးမှပြောသည်။

စစ်ကောင်စီတပ်သည် စစ်သားနှင့် ရိက္ခာများကိုလည်း နေ့စဥ်နီးပါး နေဗီ၊ ဇက်တို့ဖြင့်တင်ကာ ပို့ပေးလျက်ရှိနေသည်ကိုတွေ့ရသည်။

စစ်ကောင်စီဖက်က ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်များကို ချိုးဖောက်ပြီး စစ်ရေးလှုပ်ရှားမှု၊ စစ်ရေးပြင်ဆင်မှုများကိုသာ အဓိကထားလုပ်ဆောင်လာသည့်အတွက် ရခိုင်တွင် တိုက်ပွဲ ပြန်ဖြစ်လာနိုင်ကြောင်း မင်းပြား ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။

“သူတို့ဖက်က စစ်ရေးလှုပ်ရှားမှုတွေများလာရင်တိုက်ပွဲတွေဖြစ်လာနိုင်တယ်၊ တကယ်လို့ တိုက်ပွဲဖြစ်လာရင်လည်း အရင်တုန်းကဖြစ်တာတွေထက်ပိုပြင်းထန်နိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အပစ်ခတ်ရပ်စဲပြီးကတည်းက စစ်တပ်ဖက်က အင်အားတွေဖြည့်နေတာကို နေ့တိုင်းနီးပါးမြင်တွေ့နေရပါတယ်” ဟု ပြောသည်။

ထို့အပြင် ရခိုင်တွင် အပစ်ခတ်ရပ်စဲထားသော်လည်း တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သည့် ULA/AA၏ ၇ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ