Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြောက်က်ဦးတိုက်ပွဲအတွင်း ၅၄၀ တပ်ရင်းမှ စကစ တပ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြား ရှိဟု AA ထုတ်ပြန်

မြောက်က်ဦးတိုက်ပွဲအတွင်း ၅၄၀ တပ်ရင်းမှ စကစ တပ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြား ရှိဟု AA ထုတ်ပြန်

AB News – ဇန်နဝါရီ ၁၀၊ ၂၀၂၄

ရက္ခိုင်ပြည် မြောက်ဦးမြိုတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီအဖွဲတိုတိုက်ဖြစ်ပွားခဲ့စဥ်အတွင်း စကစဘက်မှ တပ်သား ၁၅ ဦးထက်မနည်းကျဆုံးခဲ့ပြီး ဒဏ်ရာရရှိများလည်း ရှိခဲ့ကြောင်း AA က ယမန်နေ့ ဇန် နဝါရီလ ၉ ရက်နေ့ ၁၀ နာရီ ၁၅ မိနစ်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် “၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့တွင် မြောက်ဦးအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ခမရ (၅၄၀) မှ အင်အား (၅၀) ကျော်ခန့်ရှိ စစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို သကျမာရ်အောင် ဘုရားအနီးတွင် မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ပြီး (၁၅) ဦးထက်မနည်းကျဆုံးခဲ့ကာ ဒဏ်ရာရရှိသူများထပ်မံရှိနိုင်ကြာင်း ” AA ကဆိုသည်။

၅၄၀ တပ်ရင်းမှ ထွက်လာသော အင်အား ၅၀ ကျော်ပါသည့် စစ်ကြောင်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ ဖက်တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် မြိုခံပြည်သူများလည်း ဗုံးခိုကျင်းများတွင် ဝပ်နေကြရကြောင်း သိရသည်။

ထိုအပြင် ပလက်ဝနှင့် ကျောက်တော်အစပ်တွင်ရှိသော စစ်ကောင်စီ၏ မီးဝဗျူဟာကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရန်အတွက် ရက္ခိုင့်တပ်တော်က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ ဤတိုက်ပွဲအတွင်း၌လည်း စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များကို ကြိမ်ဖန်များစွာသုံး၍ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း AA ၏ထုတ်ပြန်ချက်အရသိရသည်။

လက်ရှိတွင်လည်း မြောက်ဦးမြိုတွင်း၌ ၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော်က ဝင်သိမ်းနေပြီဟုလည်း သတင်းများထွက်ပေါ်နေသည်။

စစ်ကောင်စီသည် မြောက်ဦးတွင် အပစ်မဲ့အရပ်သား ပြည်သူများကို အကာအကွယ်ယူသည့်အပြင် တမင်ရည်ရွယ်၍ လမ်းတွင် တွေ့သည့် အရပ်သားများအား ပစ်သတ်ခဲ့သည်ကိုလည်း ကြားသိနေရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ