Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေမြှပ်မိုင်း ပညာပီး

နှစ်စဉ်နှစ်တိုင်း၊ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနန့် ပေါက်ကွဲစီတတ်ရေ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တိကြောင့် လူပေါင်းရာနှင့်ချီ သေကြေပျက်စီးစီခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိခြင်းတိ ကြုံတွိခံစားနီကတ် ရပါရေ။ ​ ဖီးကင်းပြီးကေ လုံခြုံအောင်နီထိုင်ဖို့စွာကိုရာ အလေးထားပြီးကေဆောင်ရွက်ရဖို့ ဖြစ်လာပါရေ။

ယပိုင်ဆိုကေ ယင်းမြေမြှုပ်မိုင်းနန့် ပေါက်ကွဲစေတတ်တေ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တိဆိုစွာ ဇာပိုင်ပုံစံမျိုး ရှိပါလဲ။

ယင်းပစ္စည်းတိစွာယေ ပုံစံမျိုးစုံ၊ အရွယ်အစားမျိုးစုံနန့်  အ‌ရောင်မျိုးစုံ ရှိနိုင်ပါရေ။ အရွယ်အစားအကြီး သန်တိဖြစ်နိုင်ရေပိုင် အငယ်ချေတိလေ့ ဖြစ်နိုင်ပါရေ။ လေး‌ထောင့်ပုံစံ၊ အဝိုင်းပုံစံ၊ စက်ဝန်းပုံစံ၊ အလုံးချေပုံစံတိဖြစ်နိုင်ရေပိုင် အရောင်တတောက်တောက်မဟုတ်ကေလေ့ သံချီးရောင်စရေ အရောင်တိပိုင် အမျိုးစုံဖြစ်နိုင်ပါရေ။

ယင်းမြေမြှုပ်မိုင်းနန့် ပေါက်ကွဲစေတတ်တေ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တိစွာ ဇာနီရာမှာ ရှိနီနိုင်ပါလဲ။

ယင်းပစ္စည်းတိစွာရေ အယင်ခေါက် တိုက်ပွဲကျဖူးရေ နီရာတိမှာ ရှိနိုင်စွာပိုင် အဂုတိုက်ပွဲကျနီရေ နီရာတိမှာလေ့ ရှိနီနိုင်ပါရေ။ ​ ယင်းချင့်တိစွာရေ မြီပြင်ထက်မှာ ရှိနိုင်စွာပိုင် မြီအောက်မှာလေ့ ရှိနိုင်ပါရေ။ ယင်းချင့်အပြင် ဒေပစ္စည်းတိကို ယာမြီ၊ သစ်တောနန့် မြစ်ချောင်းနားတိမှာလေ့ တွိရနိုင်ပါရေ။

သင့်အနိန်နန့် ဘေးကင်းလုံခြုံအောင် ဇာပိုင်နီထိုင်ပါဖို့လဲ။

ရက်ပြတ်သတိရှိနီဖို့ လိုပါရေ။ မြီကြီးချိုင့်ဝင်နီစွာတိ၊ ဟင်းသီးဟင်းရွက်အပင်တိ တစ်ခုခုနန့် တူးထား‌ရေပိုင် ပွနီစာ ပြန့်ကြဲနီစာမျိုးတိ ဖြစ်နီရေ နေရာမျိုးတိစွာ အန္တရာယ်ရှိနိုင်ရေ နီရာမျိုးတိဖြစ်နိုင်ပါရေ။  သတ္တုပစ္စည်းတိ၊ သစ်သားစတိ၊ ပလက်စတစ်အပိုင်းအစတိနန့်  ဝိုင်ယာကြိုးစတိပိုင် သံသယဖြစ်ဖို့ကောင်းရေ အရာတိ အောက်မှာကျနီ​စွာတွိကေ သတိပြုပါ။ လူအများ ရက်ပြတ်အသုံးပြုနီရေ လမ်းကိုရာ သုံးပါ။

မြီမြှုပ်မိုင်းနန့် ‌ပေါက်ကွဲစေတတ်တေ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တိက တစ်ဘဝလုံးစာ ထိခိုက်စီနိုင်ရေ။ ဆိုးဝါး‌ရေ ကိုယ်အင်္ဂါချို့ယွင်းမှုတိကို ဖြစ်ပေါ်စီနိုင်ပါရေ။ အသက်သီဆုံးရေအထိလေ့ ဖြစ်ပေါ်နိုင်ပါရေ။ ကိုယ်နန့် အကျွမ်းတဝင်မရှိရေ အရာတိကို တွိကေ မကိုင်ပါ‌ကေ့။

မြေမြှုပ်မိုင်းနန့်‌ ‌ပေါက်ကွဲစီတတ်တေ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်တိကို တုတ်ချောင်းနန့် ပစ်ပေါက်စွာ၊ မီးတိုက်စွာတိ မလုပ်ပါကေ့။ သင့်အတွက် အန္တရာယ်မရှိနိုင်ဆိုကေ ယင်းပစ္စည်းတိရှိရေ နီရာကို အမှတ်အသား လုပ်ပခပြီးကေ သက်ဆိုင်ရာအာဏာပိုင်တိကို ချက်ချင်းသတင်းလားပို့လိုက်ပါ။

Credit –  ICRC Myanmar

Arakan Bay News
မတ်လ ၂၃ ရက်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ