Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံ ယိုးချောင်းနှင့် အမ်း ကဇုကိုင်းတံတားများတွင် ကားသမားများထံမှ တံတားဖြတ်ကူးခ သုံးသောင်းကျပ်စီ စစ်ကောင်စီတပ်က တောင်းယူနေ

မြေပုံ ယိုးချောင်းနှင့် အမ်း ကဇုကိုင်းတံတားများတွင် ကားသမားများထံမှ တံတားဖြတ်ကူးခ သုံးသောင်းကျပ်စီ စစ်ကောင်စီတပ်က တောင်းယူနေ

ABN – ကိုဟိန်းထွန်း

ရခိုင်ပြည်၊ မြေပုံမြို့နယ်ရှိ ယိုးချောင်းနှင်း အမ်းကဇုကိုင်းတံတားများကို ၁၂ ဘီးကားများဖြတ်လျှင် စစ်ကောင်စီတပ်မှ တံတားဖြတ်ကူးခ ၃ဝဝဝဝ ကျပ်စီ တောင်းယူနေကြေုင်း ကားသမားများထံမှ သိရသည်။

ကုန်တန်ချိန် ၂၀ ကျော်ထက်ပိုသော မည်သည့်ကားကိုမဆို ဖြတ်ခွင့်မပြုကြောင်းနှင့် အကယ်၍ တန်ချိန် ၂၀ ထက်ပိုသည့် ကားဖြင့် ဖြတ်ကူးလျှင် ငွေကျပ် ၃၀၀၀၀ ကျပ်ပေးရကြောင်း ကားသမား ၁ ဦးက ABN သို့ပြောသည်။

“တန်ချိန် ၂၀ ထက်ပိုတဲ့ ကုန်ကားတွေကို တံတားဖြတ်ခ ၃ သောင်းစီတောင်းလို့ ကျနော်တို့ပေးရပါတယ်။ ကျနော်တို့လည်း သူတို့ တောင်းသလောက်ပေးပြီး ဖြတ်သွားနေရတာပါပဲ” ဟုပြောသည်။

ထိုတံတားတွင် ဂိတ်ချ ငွေတောင်းနေသည့် တပ်များမှာ ကျောက်ဖြူ (၅၄၂ )တပ်ရင်းနဲ့ တောင်ကုတ်မှ (၅၄၄) တပ်ရင်းတို့ဖြစ်ပြီး ရဲများနှင့် ပူးပေါင်းကာ ငွေတောင်းနေကြခြင်းဖြစ်သည်ဟု သိရသည်။

စစ်တွေဖက်မှ လာသည့် ၁၂ဘီးကုန်တင်ကားများမှ ယိုးချောင်းတံတားဖြတ်ရာတွင် ငွေပေးရပြီး အမ်းဖက်မှလာသည့်ကားများမှာ ကဇုကိုင်းတံတားတွင် သုံးသောင်းကျပ်စီပေးရကြောင်း ပြောသည်။

“စစ်တွေကလာတဲ့ ၁၂ ဘီးကားတွေဟာ ယိုးချောင်းတံတားကိုဖြတ်ရင် ငွေတောင်းပါတယ်၊ အမ်းဖက်က ကဇုကိုင်းကိုလာတဲ့ကားကိုလည်းပိုက်ဆံတောင်းပါတယ်၊ မပေးရင်ဖမ်းမယ်လို့ခြိမ်းခြောက်ပြောတယ်” ဟုဆိုသည်။

ထိုသို့ ကုန်ကားသမားများထံမှ စစ်ကောင်စီတပ်က ငွေတောင်းနေခြင်းမှာ တံတားများကို ပြန်လည်ပြုပြင်ရန်အတွက် ကောက်ခံခြင်းလည်းမဟုတ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် ရခိုင်ပြည်တွင်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား အပသ်အခတ်ရပ်စဲထားသော်လည်း အဝေးပြေးကားလမ်းမများတွင် စစ်ကောင်စီတပ်က ဂိတ်ချ စစ်ဆေးမှုများပြုလုပ်ခြင်း၊ ပြည်သူများအား ခြေလျင် လမ်းလျှောက်သွားခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ