Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြေနယ် သရက်တောင်ရွာတွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည်ထိပြီး ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦး မျက်လုံးပွင့်ထွက်သေဆုံး

မြေပုံမြေနယ် သရက်တောင်ရွာတွင် စစ်ကောင်စီပစ်လက်နက်ကြီးကျည်ထိပြီး ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦး မျက်လုံးပွင့်ထွက်သေဆုံး

AB News-ဇန်နဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည် မြေပုံမြိုနယ် သရက်တောင်ရွာတွင် စစစ်ကောင်စီအဖွဲက ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသား တစ်ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီအဖွဲက ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ၍ သရက်တောင်ရွာတွင် ကျရောက်ပြီး အသက် ၆၅ နှစ်အရွယ် ဦးတံငွေ၏ ညာဖက်မျက်လုံးတွင်ထိမှန်ခဲ့ပြီး ၎င်းမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ထိုအပြင် သရက်တောင်ရွာမှ နေအိမ် ၁ လုံးလည်း ကျည်ကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

မြေပုံမြိုနယ် သရက်တောင်ရွာတွင် ၂ ဖက်တိုက်ပွဲ ဖြစ်သံလည်း မကြားရကြောင်း ဒေသခံများက ပြောသည်။

အမ်းမြိုနယ် ကဇုကိုင်းဗျူဟာ တောဟိန်းတောင်ပေါ်တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီအဖွဲက ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း သရက်တောင်ရွာသားများက အတည်ပြုပြောသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း သရက်တောင်ရွာအနီး ကမ်းထောင်ကြီးမြိုအနီးတဝှိက်သို စစ်ကောင်စီအဖွဲက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ