Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့မှ စစ်ကောင်စီအဖွဲ့ ဇက်ရေယာဥ်ဖြင့် တပ်ဆုတ်ထွက်ပြေး(လက်နက်ခဲယမ်းအများအပြားကျန်ခဲ့)

AB News – ဖေဖော်ဝါရီ ၁၂၊ ၂၀၂၄
ရက္ခိုင်ပြည်၊ မြေပုံမြို့မှ စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၁၀၀ကျော်ခန့်သည် ယနေ့ နံနက် အစောပိုင်း ၁နာရီ၊ ၂၀ခန့် အချိန်တွင် ဇက်ရေယာဥ်ဖြင့် မြို့မှ စွန့်ခွာပြီး ကျောက်ဖြူသို့ တပ်ဆုတ် ထွက်ပြေးသွားကြောင်း AB News မှ စုံစမ်းသိရှိရသည်။
ယနေ့ နံနက် အစောပိုင်း ၁နာရီ၊ ၂၀ခန့် အချိန်တွင် မြေပုံမြို့ပေါ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင် ရဲတပ်ဖွဲ့ဝင်များသည် ရေတပ်စစ်ရေယာဉ်ဖြင့် ကျောက်ဖြူမြို့သို့ တပ်ဆုတ်ထွက်ခွာသွားကြောင်း မြေပုံမြို့ခံ ၁ဦး က ပြောဆိုသည်။
“ဒီနေ့ မနက် ၁နာရီကျော်ခန့် အချိန်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲသားတွေဟာ မြေပုံမြို့က စစ်ရေယာဉ်တွေနဲ့ ထွက်ခွာသွားကြတယ်။ သူတို့ဟာ ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာမှာကို ကြောက်ရွံ့ပြီး ထွက်ပြေးသွားပုံရတယ်။ ဒီကနေပြီး ကျောက်ဖြူမြို့ကို ထွက်ပြေးတာ ဖြစ်နိုင်တယ်” ဟု ဆိုသည်။

ယနေ့ နံနက် ၆နာရီကျော်အချိန်တွင် ကျောက်ဖြူမြို့သို့ စစ်ကောင်စီသုံး ဇက်ရေယာဥ် ၁စီး ဆိပ်ကပ်ခဲ့ပြီး ယင်းဇက်ရေယာဥ်တွင် မြေပုံမြို့မှ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများ ၁၀၀ကျော်ခန့် ပါရှိကြောင်း ကျောက်ဖြူမှ ဒေသခံ ၁ဦးက ပြောဆိုသည်။

“ဒီနေ့ မနက် ၆နာရီကျော်အချိန်မှာ ကျောက်ဖြူမြို့ကို ဇက် ဆိပ်ကပ်ခဲ့တယ်။ အဲ့သင်္ဘောပေါ်မှာ မြေပုံက တပ်ဆုတ်လာတဲ့ စစ်ကောင်စီတပ်သား ၁၀၀ကျော်ခန့် ပါတယ်လို့ သိရတယ်” ဟု ဆိုသည်။

စစ်ကောင်စီအဖွဲ့ မြေပုံမြို့မှ တပ်ဆုတ် ထွက်ပြေးစဥ် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို ထားခဲ့သည်ကို တွေ့ရသည်။

ကျောက်ဖြူမြိုသို့ တင်ဆောင်လာသည့် မြေပုံမြို့မှ စစ်ကောင်စီတပ်သားများကို သံတွဲမြို့သို့ စစ်ရေယာဉ်ဖြင့် ဆက်လက်ယူဆောင်သွားကြောင်းလည်း သိရသည်။
ဓာတ်ပုံ-မြေပုံမြို့တွင် တပ်ဆုတ် ထွက်ပြေးသွားသည့် စစ်ကောင်စီအဖွဲ့ထားခဲ့သည့် လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

Website
www.arakanbaynews.com  
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ