Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မြေပုံမြို့နယ် ညောင်ကန်ရွာကို  စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံကြဲတိုက်ခိုက်၊ ​ရဟန်း ၁ ပါး၊ ကိုရင်ငယ် ၁ ပါးအပါအဝင် အရပ်သား​ ၅ ဦးထက်မနည်းဒဏ်ရာရ၊  အိမ်ခြေအများအပြားပျက်စီးသွား

AB News – မတ်လ ၂၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီအဖွဲ့က ဂျက်ဖိုက်တာ ၂ စီးဖြင့်လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး၊ ကိုရင်ငယ် ၁ ပါးအပါအဝင် အရပ်သား​ ၅ ဦးထက်မနည်းဒဏ်ရာရရှိပြီး  အိမ်ခြေအများအပြားပျက်စီးသွားခဲ့ရကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ မြေပုံမြို့နယ် ညောင်ကန်ရွာမှ အသက် ၄၂ နှစ်အရွယ် ဦးစန္ဒာဝရ၊ အသက် ၉ နှစ်ကျော်အရွယ် ရှင်သူရိယ ကိုရင်ငယ် ၁ ပါး၊ အသက် ၁၇ နှစ်အရွယ် မောင်ကောင်းခန့်ကျော်၊ ခင်မောင်ဝင်းနှင့် တစ်​​ခြားအမည်မရသေးသူ တစ်ဦးတို့ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ယမန်နေ့ မတ်လ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီ  ကျော်တွင် ဂျက်ဖိုက်တာဖြင့် ညောင်ကန်ကျေးရွာသို့ဗုံးကြဲတိုက်ခိုက်ခဲ့ရာတွင် ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သို့ ပြောသည်။

” ကျောင်းမှာရှိနေတဲ့ ရဟန်း ၁ပါးနဲ့ ကိုရင်ငယ် ဒဏ်ရာရသွားပါတယ်။ လူတွေလည်းထိခိုက်ဒဏ်ရာရသွားကြတယ်။ ပျက်စီးသွားတဲ့အိမ်တွေလည်းအများကြီးပဲ “ဟု ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီသည်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ၎င်းရွာသို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝန်းရှိ သိမ်ကျောင်းဆောင်၊ စာသင်ကျောင်းနှင့်  နေအိမ်များစွာပျက်စီးသွားခဲ့ရသည်။

အလားတူ ညနေ ၅ နာရီကျော်တွင် အမ်းမြို့အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီး များလှမ်းပစ်ခဲ့ရာ အနီးအနားလယ်ကွင်းများတွင်ကျရောက်ပေါက်ကွဲသွားခဲ့ကြောင်းသိရသည်။

ညောင်ကန်ရွာသည် အိမ်ထောင်စုအရေအတွက် ၃၇၀ ခန့်ရှိပြီး လူဦးရေအရေအတွက်မှာ ၂၀၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် ထိန်းချုပ်နယ်မြေများသို့ ဗုံးကြဲတိုက်ခိုက်လာသည့်အတွက် ဒေသခံပြည်သူများလည်း ဘေးလွတ်ရာသို့တိမ်းရှောင်လျက်ရှိသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများထဲတွင် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များပါရှိရာ ဆေးဝါး၊ စားနပ်ရိက္ခာအခက်အခဲများဖြင့် အခက်တွေ့နေရကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကလည်း စစ်ကောင်စီမှ မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ကိုဂျက်ဖိုက်တာဖြင့်တိုက်ခိုက်မှုကြောင့် အသက် ၁၃ နှစ်အောက်ကလ ၄ ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ကာ ၉ ဦးထက်မနည်းပြင်းထန်ဒဏ်ရာရရှိ ခဲ့သည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ